ဗိုလ်မှူးကြီး တင့်ဆန်း (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

 

အဆင့်၊ အမည်

ဗိုလ်မှူးကြီး တင့်ဆန်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၁၈၈၄၁

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/ကမန(နိုင်) ၀၀၂၃၉၁

မွေးသက္ကရာဇ်/အသက်

၂၄-၃-၁၉၆၂ / (၄၈) နှစ်

မွေးဖွားရာဇာတိ

ကျိုက်လတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်) ၊ မဟာဝိဇ္ဇာ (ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

နည်းပြ၊ ဗိုလ်မှူးကြီး၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်ထွန်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နု၊ ၁၃/ကမန(နိုင်) ၀၀၂၁၃၉၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာ သီတာသန်းမောင်၊ တိရစ္ဆာန်ဆေးကု ဆရာဝန်၊ ဒုဦးစီးမှူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ နေပြည်တော် စုပေါင်းရုံး၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မလဲ့မွန်ကျော်၊ ၁၂/ဒဂန(နိုင်) ၀၃၄၁၆၁၊ ကျောင်းသူ

(၂) မောင်ကျော်ကျော်စိုး၊ ၁၂/ဒဂန(နိုင်) ၀၃၄၂၆၂၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

တိုက် - ၃၄၊ အခန်း -၄၂၊ ရွှေအုန်းပင်အိမ်ယာ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉၄၉၂၂၆၉၆၂

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ရန်ကုန်မြို့ အ-မ-က (၇) သုဝဏ္ဏနှင့် သုဝဏ္ဏ အ-ထ-က တို့တွင် သင်ယူခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၅ ခုနှစ် အတွင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်တွင် လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ကလောမြို့ စစ်ဦးစီး တက္ကသိုလ်တွင် လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင်လည်းကောင်း ပညာ ဆည်းပူး ခဲ့သည်။

၁၉၈၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ခလရ (၂၂) ၌ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်အထိ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရေးဗိုလ်ကြီး တာဝန်များကိုလည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၂ ခုနှစ် အထိ ခလရ (၂၂၉) ၌ ဗိုလ်ကြီးအဆင့်ဖြင့် တပ်ခွဲမှူးတာဝန်နှင့် လေရှီးမြို့နယ် မဝတ (ဥက္ကဋ္ဌ) တာဝန်များကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း တပခတွင် ဗိုလ်ကြီးအဆင့် ဖြင့် စစ်ဦးစီးမှူး (တတိယတန်း) စစ်ဆင်ရေး တာဝန်ကို လည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း ခမရ (၃၂၇) ၌ ဗိုလ်မှူးအဆင့်ဖြင့် ဌာနချုပ် တပ်ခွဲမှူးတာဝန်ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ကကကြည်း (စီမံ) နှင့် ကကကြည်း (စဆရ) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် စစ်ဦးစီးမှူး (ဒု) တာဝန်ကိုလည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ခလရ (၈၀) ၌ ဗိုလ်မှူးအဆင့်ဖြင့် ဒုတိယ တပ်ရင်းမှူး တာဝန်ကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ် အတွင်း ခမရ (၃၂၂) ၌ ဒုတိယဗိုလ်မှူးကြီး အဆင့်မြင့် တပ်ရင်းမှူး တာဝန်ကို လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ရကတ၌ ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ဦးစီး (ပ) တာဝန်ကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း စကခ (၉) နှင့် တမခ (၈၈) တို့တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် နည်းဗျူဟာမှူးတာဝန်ကို လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်မှ ယနေ့အထိ နကတ၌ ဗိုလ်မှူးကြီး အဆင့်ဖြင့် နည်းပြတာဝန်များ ထမ်းဆောင်လျက် ရှိသည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ မိုင်းယန်း-မဲသဝေါ တိုက်ပွဲဝင် တံဆိပ်၊ စစ်မှုထမ်း သက် (၂၀) နစ်အထက် တံဆိပ်၊ နိုင်ငံ့အကျိုးဆောင် တံဆိပ်၊ စစ်ပွဲ တံဆိပ် (၁၉၈၈/၉၀)၊ တပ်မတော် ဂုဏ်ဆောင် အမှုထမ်း တံဆိပ် (ဒု/တ)၊ ခြေလျင်တပ်ခွဲမှူး သင်တန်းတံဆိပ်၊ ခြေလျင် တပ်ရင်းမှူး သင်တန်းတံဆိပ်၊ စစ်ဦးစီး တက္ကသိုလ် သင်တန်း တံဆိပ်နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သင်တန်း တံဆိပ်များ ရရှိခဲ့သည်။