ဗိုလ်မှူး တင်မောင်လွင် (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

 

အဆင့်၊ အမည်

ဗိုလ်မှူး တင်မောင်လွင်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၁၈၉၉၇

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/ဘလန(နိုင်) ၀၇၇၈၀၇

မွေးသက္ကရာဇ်/အသက်

၄-၁-၁၉၆၄ / (၄၇) နှစ်

မွေးဖွားရာဇာတိ

ငါးခူအိုင်ရွာ၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (သတ္တဗေဒ)

လက်ရှိအလုပ်အကိုင်

ကျောင်းအုပ်ကြီး၊ အမှတ် (၉) ပညာရေးကျောင်း၊ ကကပြည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမြဝင်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြင်ယုံ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းမြတ်မွန်၊ ၁၂/ရပသ(နိုင်) ၀၂၂၁၂၈၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ဇဝနလွင်၊ ၁၄/ပသန(နိုင်) ၂၅၁၁၇၂၊ ကျောင်းသား၊

(၂) မလွင်နှင်းဥ၊ ၁၄/ပသန(နိုင်) ၂၅၁၁၇၅၊ ကျောင်းသား၊

အမြဲတမ်းနေရပ်လိပ်စာ

၂၉/၃၀၄၊ မင်းလမ်း၊ ရွှေပြည်သာမြို့၊ ရန်ကုန်တိုင်း ဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း မြို့နယ်၊ ငါးခူအိုင်ရွာ၊ အ-မ-က၊ ကန်စုရွာ အ-လ-က နှင့် ပေါင်းတည်မြို့ အ-ထ-က တို့တွင် သင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် (စာပေး စာယူ သင်တန်း)တွင် ပညာဆက်လက် ဆည်းပူးခဲ့ပြီး သိပ္ပံဘွဲ့ (သတ္တဗေဒ) ရရှိခဲ့သည်။

ဒုတိယဗိုလ်မှ ဗိုလ်ကြီးအဆင့်အထိ ခလရ (၆၉) ၌ တပ်စုမှူး တာဝန်၊ ဗိုလ်ကြီးအဆင့်ဖြင့် ခလရ (၈၇) ၌ တပ်ရေးနှင့် တပ်ခွဲမှူး တာဝန်၊ နပဆ (၄) ၌ ဒုတိယ တပ်ခွဲမှူး တာဝန်၊ ခမရ (၃၅၆) ၌ တပ်ခွဲမှူးတာဝန်၊ ခလရ (၈) ၌ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) တာဝန်၊ ဗိုလ်မှူးအဆင့်ဖြင့် ထပဆ၌ ဌာနခွဲမှူး တာဝန်၊ တစသ (၁) ၌ အရာရှိ သင်တန်းမှူးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ပညရ (၉) ၌ ကျောင်းအုပ်ကြီး တာဝန် ထမ်းဆောင်လျက် ရှိသည်။

နာဂစ်မုန်တိုင်းဒဏ်ခံဒေသများ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

တမအ ပုဒ်မ (၆၅) အရ အဆင့်တိုးမြှင့်ရေးအတွက် စစ်မှုထမ်း သက် (၁) နှစ် လျှော့ပြစ်ဒဏ် တစ်ကြိမ် ချမှတ်ခံရသည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ မိုင်းယန်း-မဲသဝေါ တိုက်ပွဲတံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ ခြေလျင်တပ်စုမှူး သင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူး သင်တန်း တံဆိပ်နှင့် ခြေလျင် တပ်ရင်း မှူး သင်တန်း တံဆိပ်များ ရရှိခဲ့သည်။