|
အဆင့်၊ အမည် |
ဗိုလ်မှူး သိန်းအောင် |
|
အခြားအမည် |
မောင်မောင်ချေ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၁၉၃၄၀ |
|
လူမျိုး/ဘာသာ |
ရခိုင်/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/မဘန(နိုင်) ၀၈၉၂၆၀ |
|
မွေးသက္ကရာဇ်/အသက် |
၃၁-၁-၁၉၆၄ / (၄၇) နှစ် |
|
မွေးဖွားရာဇာတိ |
မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
ဝိဇ္ဇာဘွဲ့ (မြန်မာစာ) |
|
လက်ရှိအလုပ်အကိုင် |
တပ်မှူး၊ အမှတ် (၉)၊ ဆက်သွယ်ရေး အလုပ်ရုံ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဗိုလ်မှူးကြီး ဘစု (ငြိမ်း)၊ ၁၂/မဂဒ(နိုင်) ၀၁၁၈၁၅ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သိန်းလှ/ ၁၂/မဂဒ (နိုင်) ၀၅၂၇၁၂၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးအေးသိန်း၊ ၁၂/မဂဒ (နိုင်) ၀၅၂၇၁၂၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မသန္တာသိမ့်အောင်၊ ၁၂/မရက (နိုင်) ၁၅၇၁၅၂၊ ပထမနှစ်၊ ရတနာပုံ နည်းပညာတက္ကသိုလ် (၂) မလင်းသန္တာသိမ့်အောင်၊ ကျောင်းသူ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၁၀)၊ မာလာလမ်း၊ ၂ (က) ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ-ထ-က (၁၆) မန္တလေးမြို့၊ အ-လ-က (၁) မင်္ဂလာဒုံမြို့နှင့် အ-ထ-က (၃) ပုသိမ်မြို့တို့တွင် သင်ကြားခဲ့သည်။ ပုသိမ်ဒေသ ကောလိပ်နှင့် ရန်ကုန် အဝေးသင် တက္ကသိုလ်တို့တွင် တက်ရောက်ခဲ့ပြီး မြန်မာစာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ကို ရရှိခဲ့သည်။ ခမရ (၁၀၇) တွင် အလုပ်သင် ဗိုလ်တာဝန်၊ မခရ (၁၀၉) တွင် ဒုဗိုလ်မှ ဗိုလ်ကြီးတာဝန်၊ ဆသတ (၃) တွင် ဗိုလ်ကြီးတာဝန်၊ ဆသရ (၈၁၈) တွင် တပ်ထောက်ဗိုလ်ကြီးတာဝန်၊ ဆသရ (၈၁၈) တွင် ဗိုလ်မှူး တာဝန်၊ အဆရ ၉၁) တွင် ဗိုလ်မှူးတာဝန်၊ လဆသ (၉) တွင် ဗိုလ်မှူးတာဝန်တို့ကို ထမ်းဆောင် ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများတွင် ကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။ ခေတ္တ စကခမှူး၏ အပြစ်ဖော်ပြ သတိပေး ဆုံးမခြင်းကို ခံရသည်။ နိုင့်ငံတော်မှ ချီးမြှင့်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်၊ နိုင်ငံတော် စစ်မှုထမ်းကောင်း တံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ မိုင်းယန်-မဲသဝေါ တိုက်ပွဲ တံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ တပ်စုမှူး သင်တန်း တံဆိပ်၊ တပ်ခွဲမှူး သင်တန်း တံဆိပ်နှင့် တပ်ရင်းမှူး သင်တန်း တံဆိပ်တို့ကို ရရှိခဲ့သည်။ |
