ဦးအောင်ထူးမြင့်( အောင်လံမဲဆန္ဒနယ်)

အမည်

ဦးအောင်ထူးမြင့်(ကွယ်လွန်)

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/မထန(နိုင်)၀၁၃၄၉၂

မွေးသက္ကရာဇ်/အသက်

၉-၅-၁၉၄၉/(၆၆)နှစ်

မွေးဖွားရာဇာတိ

လမ်းမတော်လမ်း၊ အိုးသည်ကုန်းမြို့၊ အုတ်ဖိုမြို့နယ်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(သမိုင်း)

လက်ရှိအလုပ်အကိုင်

အငြိမ်းစား

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

သခင်အုန်းမောင်၊ OPO-၀၂၉၈၀၀၊လူမျိုးစုလွှတ်တော်အမတ်ဟောင်း၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်မေ၊ OPO-၀၄၃၇၆၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းသန်းအေး၊ ၈/မထန(နိုင်)၀၁၃၃၉၅၊ကုန်သည်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ကိုဝေယံအောင်၊ ၈/အလန(နိုင်)၁၁၈၄၃၇၊ကုန်သည်

(၂) မနှင်းဝေယံမြင့်၊ ၈/အလန (နိုင်)၀၂၉၈၃၂၊ ဈေးရောင်း

(၃) ကိုသော်ဝေယံထူး၊ ၈/အလန(နိုင်) ၁၈၀၈၃၃၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

ပြည်လမ်း၊ ရွာထောင်ရပ်ကွက်၊ အောင်လံမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌမြို့နယ်အလုပ်အမှုဆောင်အဖွဲ့

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အောင်လံမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို အ.မ.က လမ်းမတော်၊ အိုးသည်ကုန်းမြို့နှင့် အ.ထ.က(လသာ) ရန်ကုန်မြို့တို့တွင် သင်ကြားခဲ့သည်။ ပထမနှစ်တွင် ပုသိမ် တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဒုတိယနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက် ခဲ့ရာ ဝိဇ္ဇာဘွဲ့(သမိုင်း)ရရှိခဲ့သည်။
၁၉၇၈ ခုနှစ်တွင် ပြည်မြို့၊ စက်မှု (၁)တွင် စာရင်းကိုင်အဖြစ်လည်းကောင်း၊ ၁၉၉၀ ခုနှစ်တွင် အောင်လံမြို့၊ စက်မှု (၁)တွင် စက်ရုံတာဝန်ခံအဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် တောင်တွင်းကြီးမြို့ ဝါနှင့် ပိုးချည်တွင် စက်ရုံစုမှူးအဖြစ် လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် သရက်မြို့၊ ဝါနှင့် ပိုးချည်တွင် ခရိုင်ဝယ်ယူရေး တာဝန်ခံအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။