|
အဆင့်၊ အမည် |
ဗိုလ်မှူး လေးနိုင် |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၂၂၀၃၁ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/မဘန(နိုင်) ၀၁၃၉၈၇ |
|
မွေးသက္ကရာဇ်/အသက် |
၂၇-၄-၁၉၆၆ / (၄၆) နှစ် |
|
မွေးဖွားရာဇာတိ |
အမှတ် (၁၁၁)၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ကန်တောင်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (ရူပဗေဒ)၊ ပညာရေးဘွဲ့ (စာပေးစာယူ) |
|
လက်ရှိအလုပ်အကိုင် |
ကျောင်းအုပ်ကြီး၊ အမှတ် (၁၁)၊ ပညာရေးကျောင်း၊ မုံရွာမြို့ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးထွန်းမြင့် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်သန်းမြင့် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သင်းသင်းမော်၊ ၁၂/ကမရ (နိုင်) ၀၃၂၀၀၁၊ အလယ်တန်းပြ အ-ထ-က (၂)၊ အလုံ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ဥက္ကာဖြိုး (ခ) ရှိုင်းအောင်လင်း၊ ၁၂/မရန(နိုင်) ၂၆၄၈၇၃၊ (၁၀) တန်း (၂) မဖူးသဉ္ဇာကို (ခ) ပပဖြိုး၊ ၁၂/မရန(နိုင်) ၂၆၁၃၃၃၊ (၈) တန်း |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၁၁)၊ ပညာရေးကျောင်း၊ မုံရွာမြို့၊ ဖုန်း - ၀၉၂၁၁၀၄၅၂ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ-မ-က (၃) နှင့် အ-ထ-က (၄) မင်္ဂလာတောင်ညွန့် တို့တွင် သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) နှင့် ရန်ကုန်တက္ကသိုလ် (ပင်မ) တို့၌ ဆက်လက် ပညာ သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့ (ရုက္ခဗေဒ) ကို ရရှိခဲ့သည်။ ဆက်လက်၍ စာပေးစာယူ သင်တန်းဖြင့် ပညာရေးတက္ကသိုလ် (စစ်ကိုင်း) ၌ တက်ရောက်ခဲ့ပြီး ပညာရေးဘွဲ့ကို ထပ်မံ ရရှိခဲ့သည်။ ခလရ (၆၁) ရေးမြို့၌ ဒုဗိုလ်၊ ဗိုလ်အဖြစ်လည်း ကောင်း၊ ခမရ (၅၀၃) သီပေါမြို့တွင် ဗိုလ်၊ ဗိုလ်ကြီး အဖြစ်လည်းကောင်း၊ဓ တခရ (ဗထူး) တွင် ဗိုလ်ကြီးအဖြစ်လည်းကောင်း၊ ခမရ (၄၂၁) ဖယ်ခုံမြို့ တွင် ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဖြစ် လည်း ကောင်း၊ တခသ (၁၂) မြိတ်မြို့၌ ဗိုလ်မှူးအဖြစ် လည်းကောင်း၊ အ-ထ-က (၂) ကော့သောင်းမြို့၌ ဗိုလ်မှူး အဖြစ်နှင့် ပညရ (၁၁) မုံရွာမြို့တွင် ဗိုလ်မှူးအဖြစ် ယနေ့ ထက်တိုင် တာဝန်များ ထမ်းဆောင်လျက်ရှိသည်။ တိုင်မှူး (ရပခ) ၏ အပြစ်ဖော်ပြ သတိပေး ဆုံးမမှု တစ်ကြိမ် ရှိခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ ခြေလျင်တပ်စုမှူး သင်တန်း တံဆိပ်၊ ခြေလျင် တပ်ခွဲမှူး သင်တန်းတံဆိပ်နှင့် ခြေလျင် တပ်ရင်းမှူး သင်တန်း တံဆိပ်များ ရရှိခဲ့သည်။ |
