|
အဆင့်၊ အမည် |
ဗိုလ်မှူး မျိုးဇော်ဦး |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၂၂၅၉၂ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/မမန (နိုင်) ၀၁၃၁၀၂ |
|
မွေးသက္ကရာဇ်/အသက် |
၂၈-၁၁-၁၉၆၉ / (၄၂) နှစ် |
|
မွေးဖွားရာဇာတိ |
ရွာမလမ်း၊ ဇီးကုန်းမြို့၊ ပဲခူးတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) |
|
လက်ရှိအလုပ်အကိုင် |
တပ်မှူး၊ အမှတ် (၆) တပ်ထိန်းတပ်ခွဲ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအောင်ကျင်၊ ၇/ဇကန (နိုင်) ၀၁၅၄၂၉၊ မြေတိုင်းစာရေး၊ မြေစာရင်းဦးစီးဌာန၊ ဇီးကုန်းမြို့ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြင့်စိန်၊ ၇/ဇကန(နိုင်) ၀၁၅၃၈၇၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နီလာရွှေစင်၊ ၃/ကဆက (နိုင်) ၀၀၀၀၆၇၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မရွှေစင်ရတနာမျိုး၊ (၇) နှစ်၊ ကျောင်းသူ (၂) မောင်စွမ်းပြည့်ဟိန်းဇော်၊ (၄) နှစ်၊ မူကြို |
|
အမြဲတမ်းနေရပ်လိပ်စာ |
၂၉/၃၄၃၊ စိန်ပန်းလမ်း၊ အမှတ် (၂) ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ပဲခူးတိုင်း ဇီးကုန်းမြို့၊ အ-မ-က ရုံးလမ်းနှင့် အ-ထ-က (၁) တို့တွင် သင်ယူခဲ့သည်။ ပြည်ကောလိပ်၌ ရူပဗေဒ အဓိကဖြင့် ပထမနှစ် သင်တန်း တက်ရောက်ခဲ့သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်၌ ပညာဆက်လက် ဆည်းပူးခဲ့ရာ သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) ရရှိခဲ့သည်။ ခလရ (၇၅) တွင် ၁၉၉၁ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ဒုဗိုလ်အဆင့် ဖြင့် တပ်စုမှူး တာဝန်ကို လည်းကောင်း၊ ဗိုလ်အဆင့်ဖြင့် တပ်ခွဲမှူး တာဝန်ကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ စစ်ကတ္ကသိုလ်၌ ဗိုလ်ကြီးအဆင့်ဖြင့် ဗိုလ်လောင်း နည်းပြတာဝန်ကိုလည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၁ ခုနှစ် အထိ ခလရ (၄၇) ၌ ဗိုလ်မှူးအဆင့်ဖြင့် ဌာနချုပ် တပ်ခွဲမှူး တာဝန်ကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တထခွဲ (၇၆၇) ၌ ဗိုလ်မှူးအဆင့်ဖြင့် တပ်ထိန်းတပ်မှူးတာဝန် ကို လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်မှ ယနေ့ အထိ တထခြွ (၆) ၌ ဗိုလ်မှူးအဆင့်ဖြင့် တပ်ထိန်းတပ်မှူး တာဝန်ကို ထမ်းဆောင်လျက် ရှိသည်။ တိုင်းမှူး၏ သတိပေး ဆုံးမမှု တစ်ကြိမ် ရှိခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ မိုင်းယန်း-မဲသဝေါတံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်၊ ခြေလျင် တပ်ခွဲမှူး သင်တန်း တံဆိပ်နှင့် ခြေလျင် တပ်ရင်းမှူး သင်တန်း တံဆိပ်များ ရရှိခဲ့သည်။ |
