|
အဆင့်၊ အမည် |
ဗိုလ်မှူး တက်ထွန်းအောင် |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၂၃၁၉၄ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၃/ဘအန(နိုင်) ၃၁၁၉၈၇ |
|
မွေးသက္ကရာဇ်/အသက် |
၁၂-၉-၁၉၇၀ / (၄၁) နှစ် |
|
မွေးဖွားရာဇာတိ |
ပြည်လုံးနိုင်ရပ်ကွက်၊ ကျောက်ဆည်မြို့ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်)၊ ဥပဒေဘွဲ့ (ဒီမလိုမာ) |
|
လက်ရှိအလုပ်အကိုင် |
ဗိုလ်မှူး၊ အမှတ် (၅) တပ်ထိန်းတပ်ခွဲ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအောင်လင်း၊ ၉/မသန(နိုင်) ၀၁၁၄၂၃၊ လက်ထောက် ပညာရေးမှူး (ငြိမ်း) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်စောမာ၊ ၉/မသန(နိုင်) ၀၁၁၃၄၅၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဝါဝါရီတင်၊ ၁၂/လကန(နိုင်) ၀၂၂၂၁၁၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ခန့်ဇေယျာထွန်း၊ (၇) တန်း (၂) မလင်းရူပါထွန်း၊ (၃) တန်း |
|
အမြဲတမ်းနေရပ်လိပ်စာ |
၂၇၊ ရတနာကျွန်းရိပ်သာ၊ မြောက်ဥက္ကလာပ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ကျုံပျော်မြို့ အခြေခံပညာ မူလတန်းကျောင်း နှင့် အခြေခံပညာ အထက်တန်းကျောင်းတို့တွင် သင်ကြားခဲ့ သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့ပြီး ဥပဒေဘွဲ့ (ဒီပလိုမာ) ကို လည်းကောင်း၊ ကွန်ပျူတာဘွဲ့ (ဒီပလိုမာ) ကို လည်းကောင်း ရရှိခဲ့သည်။ ခလရ (၃၈) တွင် တပ်စုမှူးတာဝန်၊ စစ်ကတ္ကသိုလ်တွင် တပ်စုမှူး တာဝန်၊ ခမရ (၃) တွင် တပ်ခွဲမှူးတာဝန်၊ တထ (၆၆၆) တွင် တပ်ခွဲမှူးတာဝန်နှင့် တထ (၅) တွင် တပ်ခွဲမှူးတာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော စစ်မှုထမ်းသက် တံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ မိုင်းယန်း- မဲသဝေါတံဆိပ်၊ ခြေလျင်တပ်ခွဲမှူး သင်တန်း တံဆိပ်နှင့် ခြေလျင် တပ်ရင်းမှူး သင်တန်း တံဆိပ်တို့ကို ရရှိခဲ့သည်။ |
