|
အဆင့်၊ အမည် |
ဗိုလ်မှူး စိန်ထွန်း |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၂၄၂၁၈ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/သကတ(နိုင်) ၀၃၇၁၁၆ |
|
မွေးသက္ကရာဇ်/အသက် |
၂၈-၃-၁၉၆၃ / (၄၈) နှစ် |
|
မွေးဖွားရာဇာတိ |
မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာ၊ မန္တလေးတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
အင်ဂျနီယာဘွဲ့ (မြို့ပြ) |
|
လက်ရှိအလုပ်အကိုင် |
စစ်မြို့နယ် အင်ဂျင်နီယာ၊ အမှတ် (၉၆၁) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ မုံရွာ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘသွင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်ရီ၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဌေးဌေးလှိုင်၊ ၉/မခန(နိုင်) ၀၆၈၇၆၈၊ ဦးစီးအရာရှိ၊ အလတ်စား စက်ပြင် အလုပ်ရုံ၊ စက်မှုလယ်ယာဦးစီးဌာန၊ မုံရွာမြို့ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မအေးချမ်းမိုး (ခ) မဆုသဉ္ဇာသွယ် (၂) မဆုဝေဖြိုး |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၉၆၁)၊ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ခွဲ၊ မုံရွာမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို မြင်းခြံမြို့နယ် ကျောက်ကန် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ အလယ်တန်းကျောင်း၊ မြင်းခြံမြို့ အမှတ် ၉၁) အထက်တန်း ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ မိတ္ထီလာဒေသ ကောလိပ်၊ ရန်ကုန် စက်မှု တက္ကသိုလ်၊ ဗိုလ်သင်တန်းကျောင်း (ဗထူး) တို့တွင် သင်ကြားခဲ့ပြီး အင်ဂျင်နီယာဘွဲ (မြို့ပြ) ရရှိခဲ့သည်။ ရန်ကုန်-သံလျင်တံတား စီမံကိန်းတွင် လုပ်ငန်းပြ အင်ဂျင်နီယာ၊ အမှတ် (၉၀၃) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၆၂) ဆောက်လုပ်ရေး အင်ဂျင်နီဘာတပ်ခွဲ၊ အမှတ် (၉၁၂) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း၊ အမှတ် (၉၆၁) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ မုံရွာမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒကစ (မှူး) စစ်တွေ၏ အပြစ်ဖော်ပြ သတိပေး ဆုံးမမှု တစ်ကြိမ် ရှိခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်၊ ခြေလျင် တပ်ခွဲမှူး သင်တန်း တံဆိပ်၊ ခြေလျင်တပ်ရင်းမှူး သင်တန်း တံဆိပ်များ ရရှိခဲ့သည်။ |
