|
အဆင့်၊ အမည် |
ဗိုလ်မှူး ဝင်းမိုးခိုင် |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၂၆၉၈၅ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ ဗတထ(နိုင်) ၀၁၅၄၈၂ |
|
မွေးသက္ကရာဇ်/အသက် |
၁၆-၄-၁၉၆၉/ (၄၁)နှစ် |
|
မွေးဖွားရာဇာတိ |
ပျော်ဘွယ်မြို့၊ မန္တလေးတိုင်း |
|
ပညာအရည်အချင်း |
အင်ဂျင်နီယာဘွဲ့ (စက်မှု) |
|
လက်ရှိအလုပ်အကိုင် |
တပ်မှူး၊ အမှတ် (၉၅၇) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးတင်ယု၊ ၁၂/ဗတထ(နိုင်) ၀၂၃၀၃၉၊ ကုန်သည် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်မြင့်ကြည်၊ ၁၂/ဗတထ(နိုင်) ၀၂၁၃၄၈၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နီလာရဲတင့်၊ ၇/ပခက(နိုင်) ၀၀၁၀၉၅၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မယွန်ကြည်ဖြူ၊ ကျောင်းသူ (၂) မညွှန်းရည်ဖြူ၊ ကျောင်းသူ |
|
အမြဲတမ်းနေရပ်လိပ်စာ |
၁၈ အေ၊ မေတ္တာလမ်း၊ သီရိရတနာရိပ်သာ၊ သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ-မ-က (၉) တာမွေ၊ အ-မ-က (၁၀) မင်္ဂလာတောင်ညွန့်နှင့် အ-ထ-က (၆) ဗိုလ်တထောင်တို့တွင် သင်ကြားခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ (စက်မှု) ကို ရရှိခဲ့သည်။ အမှတ်(၉၀၆) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ်(၉၅၄) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၉၀၄) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနှင့် အမှတ် (၉၅၇) ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ခွဲတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်မှချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ ခြေလျင်တပ်ခွဲမှူး သင်တန်း တံဆိပ်၊ ခြေလျင်တပ်ရင်းမှူးသင်တန်းတံဆိပ်နှင့် စစ်မှုထမ်းသက်တံဆိပ်တို့ကို ရရှိခဲ့သည်။ |
