|
အဆင့်၊ အမည် |
ဗိုလ်မှူး ကျော်လင်း |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၂၇၀၁၂ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/မတလ(နိုင်) ၀၂၀၅၂၄ |
|
မွေးသက္ကရာဇ်/အသက် |
၉-၁၂-၁၉၆၈/(၄၃) နှစ် |
|
မွေးဖွားရာဇာတိ |
မင်္ဂလာလမ်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့၊ မန္တလေးတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
အင်ဂျင်နီယာဘွဲ့ (မြို့ပြ) |
|
လက်ရှိအလုပ်အကိုင် |
တပ်မှူး၊ အမှတ် (၉၅၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးထွန်းမောင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်နု၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဝင်းဝင်းသူ၊ ၉/မတလ(နိုင်) ၀၆၆၆၂၅၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မခင်ဖြူဖြူလင်း၊ (၁၀) နှစ်၊ ကျောင်းသူ (၂) မောင်လင်းခန့်ပိုင် (၆) နှစ်၊ ကျောင်းသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၄၄) ၊ မင်္ဂလာလမ်းသွယ် ၊ မင်္ဂလာဦးရပ်၊ တောင်ကြီးမြို့၊ ဖုန်း ၀၈၁-၂၅၁၅၄ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို မိတ္ထီလာမြို့၊ ဝန်ဇင်းရပ် အ-မ-က(၂) ၊ အ-လ-က(၂) နှင့် အ-ထ-က(၁)တို့တွင် သင်ယူခဲ့သည်။ ရန်ကုန်စက်မှု တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး အင်ဂျင်နီယာဘွဲ့ (မြို့ပြ) ရရှိခဲ့သည်။ အမှတ် (၉၀၆) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် တပ်စုမှူး တာဝန်၊ အမှတ် (၉၁၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်စုမှူးတာဝန်၊ အမှတ် (၉၅၆) ဆောက်လုပ် ရေး အင်ဂျင်နီယာတပ်ခွဲတွင် လက်ထောက် စစ်မြို့နယ် အင်ဂျင်နီယာ တာဝန်၊ အမှတ် (၉၀၃) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းတွင် တပ်ခွဲမှူးတာဝန်နှင့် ၂၀၀၉ ခုနှစ်မှ ယနေ့အထိ အမှတ် (၉၅၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲတွင် တပ်မှူးတာဝန် များ ထမ်းဆောင်ခဲ့သည်။ |
