|
အမည် |
ဦးလှသန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/ကဝန(နိုင်)၀၈၅၀၉၂ |
|
မွေးသက္ကရာဇ်/အသက် |
၁၈-၅-၅၅/(၆၁)နှစ် |
|
မွေးဖွားရာဇာတိ |
ပဲခူးမြို့ |
|
ပညာအရည်အချင်း |
ဥပဒေဘွဲ့ |
|
လက်ရှိအလုပ်အကိုင် |
အထက်တန်းရှေ့နေ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးသန်းထွန်း၊ DC-၀၂၂၅၁၀၊ ကုန်သည်၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်လှသီ၊ ၇/ပခန(နိုင်)၀၁၀၁၁၃၊မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးအေးမော်၊ ၇/ကဝန(နိုင်)၀၈၅၀၉၂၊ လက်ထောက်တိုင်းဥပဒေအရာရှိ(ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မောင်မင်းအောင်ခန့်၊၇/ကဝန(နိုင်)၁၂၀၀၆၆၊ ကမ္ဘောဇဘဏ်ရုံးချုပ်(ရန်ကုန်) |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၇၀)၊ ရန္တဗိုလ်လမ်း၊ ကျောင်းကြီး ရပ်ကွက်၊ကဝမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်စည်းရုံးရေးအဖွဲ့၊ သဘာပတိအဖွဲ့ဝင် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကဝမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အ.ထ.က(ကဝမြို့)တွင် မူလတန်းပညာကို စတင် သင်ကြားသည်။ စတုတ္ထတန်းကို ပဲခူးမြို့၊ မြို့တွင်း အနောက်(က) မူလတန်းကျောင်း၊ ပဉ္စမတန်းမှ တက္ကသိုလ် ဝင်တန်းအထိ ပဲခူးမြို့ အ.ထ.က(၁)တို့တွင် ဆက်လက် သင်ကြားခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို (ခ)စာရင်းဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် ပြင်ပမှ ဆက်လက်ဖြေဆိုရာ ၁၉၇၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး တက္ကသိုလ်စာပေးစာယူ သင်တန်းကို ဥပဒေဘာသာရပ်အထူးပြုဖြင့် တက်ရောက်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့နေ လုပ်ခွင့်စာမေးပွဲ (H.G.P) ဝင်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အထက်တန်း ရှေ့နေအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ပဲခူးတိုင်း တရားရုံး၊ ကဝမြို့နယ်တရားရုံးများတွင် စာရေး အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၈၂ ခုနှစ်တွင် အလုပ် ထွက်ခဲ့ပြီး အလုပ်သင်ရှေ့နေအဖြစ်ဆောင်ရွက်ခဲ့ရာ ၁၉၈၄ ခုနှစ်မှစ၍ ရှေ့နေအဖြစ် ယနေ့တိုင် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။ လူမှုရေးလုပ်ငန်းများအနေဖြင့် ကဝမြို့နယ် လူငယ်များ ဖွဲ့စည်းထားသည့် ဘွန္တောလူငယ်အသင်း နာယက အဖြစ် လည်းကောင်း၊ မဏ္ဍိုင်စင်ကြယ် အခမဲ့ဆေးခန်း နာယက အဖြစ်လည်းကောင်း၊ ဒေါက်တာမျိုးဝင်း ပညာရေးကွန်ယက် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ |
