ဦးဌေးမင်းသိန်း (ကြို့ပင်ကောက်မဲဆန္ဒနယ်)

အမည်

ဦးဌေးမင်းသိန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/ကပက(နိုင်)၀၀၀၁၆၃

မွေးသက္ကရာဇ်/အသက်

၁၆-၁၂-၁၉၇၂/(၄၄)နှစ်

မွေးဖွားရာဇာတိ

၅၈၊ ပွဲစားတန်းလမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

ပညာအရည်အချင်း

ကုန်ထုတ်ဓာတုဗေဒဘွဲ၊ B.Sc(IC)

လက်ရှိအလုပ်အကိုင်

ရွှေဆိုင်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဖေသိန်း၊ ၈/ပခက(နိုင်)၁၃၃၄၀၀၊ ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူး(အငြိမ်းစား)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းမြင့်၊ ၇/ကပက(နိုင်)၀၅၈၃၆၅၊ အထည်နှင့်ရွှေဆိုင်

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မေသန္တာသိန်း၊ ၇/ဇကန(နိုင်)၀၁၁၁၅၂၊ စာရေးဆရာမ/ရွှေဆိုင်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ပိုင်မင်းဇံ၊ ၇/ကပက(နိုင်)၀၉၄၃၃၄၊ ဥပဒေပညာ(စတုတ္ထနှစ်)

(၂) မောင်ဉာဏ်ရဲထက်၊ အဋ္ဌမတန်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၅၈)၊ ပွဲစားတန်းလမ်း၊ ဈေးချိုတောင်ရပ်ကွက်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကြို့ပင်ကောက်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၇၇ မှ ၁၉၈၁ ထိ အခြေခံပညာမူလတန်းကျောင်း (အရှေ့မြို့ပတ်)၊ ၁၉၈၂ မှ ၁၉၈၆ ထိ အ.ထ.က (ကြို့ပင်ကောက်) တို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၈၇ မှ ၁၉၈၈ ထိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ရန်ကုန်မြို့)တွင် ပညာ ဆက်လက်သင်ယူခဲ့ပြီး ကုန်ထုတ်ဓာတုဗေဒဘွဲ့ရရှိခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ယနေ့ထိ ရွှေဆိုင်လုပ်ငန်း လုပ်ကိုင်ပါသည်။

ကြို့ပင်ကောက်မြို့ တိုက်ကျောင်းပါဠိတက္ကသိုလ် ပရိယတ္တိပစ္စယာနုဂ္ဂဟအဖွဲ့ တွဲဖက် အတွင်းရေးမှူး၊ မြို့နယ်လုံးကျွတ်မြတ်ဆရာပူဇော်ပွဲ တွဲဖက် အတွင်းရေးမှူး၊ အ.ထ.က ကျောင်းအကျိုးတော်ဆောင် ဘဏ္ဍာရေးမှူး၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ် အခမဲ့ဆေးခန်း(ကြို့ပင်ကောက်) ဘဏ္ဍာရေးမှူးတို့အဖြစ် ဆောင်ရွက်ခဲ့သည်။