|
အမည် |
ဗိုလ်မှူး တင်ထွန်း |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၂၇၅၀၆ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/မဂဒ(နိုင်) ၀၁၅၈၄၆ |
|
မွေးသက္ကရာဇ်/အသက် |
၂၄-၁-၁၉၇၀/(၄၁) နှစ် |
|
မွေးဖွားရာဇာတိ |
မင်္ဂလာဒုံ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (ရူပဗေဒ) |
|
လက်ရှိအလုပ်အကိုင် |
ဌာနချုပ် တပ်ခွဲမှူး၊ အမှတ်(၁၀) အဆင့်မြင့် ဆက်သွယ်မှု တပ်ရင်း |
|
အဘအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဗိုလ်ကြီး သိန်းအောင် (ငြိမ်း) ၁၂/မဂဒ(နိုင်)၀၁၅၈၄၄ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်တင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စန္ဒာစိုး ၊ ၇/ပခန(နိုင်)၀၀၉၇၇၄၊ ကျောင်းဆရာမ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်အောင်ချမ်းမြေ့ ၊ ကျောင်းသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၈၄) -ခ ၊ သပြေလမ်း ၊ ၂(ခ) ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံ ပညာကို အလက (၅) နှင့် အထက (၁) မင်္ဂလာဒုံမြို့နယ်၌ သင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) နှင့် ရန်ကုန် တက္ကသိုလ်(ပင်မ) တို့၌ သိပ္ပံဘွဲ့ (ရူပဗေဒ) ကို ရရှိခဲ့သည်။ ဆသရ (၆)တွင် လုံခြုံရေး အရာရှိ ဒုဗိုလ် အဖြစ်လည်းကောင်း၊ ဆသလ (၁) တပ်စုမှူး ဗိုလ်အဖြစ် လည်းကောင်း၊ တပ်စုမှူး ဗိုလ်ကြီး အဖြစ်လည်းကောင်း၊လရခတွင် ဗိုလ်ကြီး (ဦးစီးအရာရှိ-တတိယတန်း) အဖြစ်လည်းကောင်း၊ ဆသရ (၇၁၇) တွင် ယာယီတပ်ခွဲမှူး(ဗိုလ်မှူး)နှင့် အဆရ(၁၀) ဗိုလ်မှူး(ဌာနချုပ် တပ်ခွဲမှူး) တာဝန်များ ထမ်းဆောင်ခဲ့သည်။၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်များတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း အားမာန် စစ်ဆင်ရေးနှင့် ၂၀၀၈ ခုနှစ် ဗလတံခွန် စစ်ဆင်ရေးတွင် ပါဝင် ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်နှင့် စစ်မှုထမ်းသက် (၁၀) နှစ် တံဆိပ်များ ရရှိခဲ့သည်။ |
