|
အဆင့်၊ အမည် |
ဗိုလ်မှူး/ဗိုလ်ကြီး ကျော်လွင်ဦး |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၄၁၃၆ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၃/တကန(နိုင်)၁၃၃၉၅၇ |
|
မွေးသက္ကရာဇ်/အသက် |
၁၆-၅-၁၉၇၉/(၃၂)နှစ် |
|
မွေးဖွားရာဇာတိ |
ကောကလုပ်ကျေးရွာ၊ ရခိုင်ကုန်း၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ် |
|
ပညာအရည်အချင်း |
ဝိဇ္ဇာဘွဲ့(သမိုင်း) |
|
လက်ရှိအလုပ်အကိုင် |
ယာယီတပ်ခွဲမှူး(ဗိုလ်မှူး)၊ ခလရ (၁၄၇) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမြင့်ဦး၊ ၁၃/တကန(နိုင်) ၀၈၆၇၆၅၊ စစ်မှုထမ်း |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးသန်း၊ ၁၃/တကန(နိုင်) ၀၈၆၇၆၇၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ရွှေစင်အိ၊ ၁၂/လကန(နိုင်) ၁၄၆၇၄၄၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
ကုန်သည်လမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူးမြို့၊ ၀၁-၆၂၉၀၁၆ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အ.လ.က (၅)၊ တောင်ကြီးမြို့ ရွှေညောင်မြို့နယ် စဉ့်ဟယ် အ.မ.က (၁)နှင့် တောင်ကြီးမြို့ အ.ထ.က ရွှေညောင်တို့တွင် ပညာသင်ယူခဲ့သည်။ ထားဝယ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဝိဇ္ဇာဘွဲ့(သမိုင်း) ရရှိခဲ့သည်။ ခမရ(၄၀၄)တွင် ဒုတိယဗိုလ်အဖြစ်လည်းကောင်း၊ စကခ(၈)တွင် လုံခြုံရေးတပ်စုမှူး(ဗိုလ်)အဖြစ်လည်းကောင်း၊ စကခ(၈)တွင် စစ်ဆင်ရေး နှင့် စစ်ဘက်ရေးရာလုံခြုံရေးတွင် ဗိုလ်ကြီး၊ စစ်ဦးစီးမှူး (တတိယတန်း)နှင့် ခလရ(၁၄၇)တွင် ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) တာဝန်များထမ်းဆောင်လျက်ရှိသည်။ |
