ဒုတိယဗိုလ်မှူးကြီး မောင်မောင်အေး (တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အမည်

ဒုတိယဗိုလ်မှူးကြီး မောင်မောင်အေး

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ် ကြည်း ၂၆၇၂၃

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ကမရ(နိုင်) ၀၀၄၆၉၆

မွေးသက္ကရာဇ်/အသက်

၇-၅-၁၉၆၄/(၅၁)နှစ်

မွေးဖွားရာဇာတိ

ရေပေါ်ကန်ကျေးရွာ၊ သုံးခွမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး

ပညာအရည်အချင်း

M.B.B.S, M.Med.Sc(Public Health)

လက်ရှိအလုပ်အကိုင်

ဒုတိယတပ်မှူး၊ အမှတ်(၃)၊ တပ်မတော်ဆေးရုံ၊ ကုတင်(၃၀၀)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထွန်းကျင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အုံးကြည် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

ရေပေါ်ကန်ကျေးရွာ၊ သုံးခွမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်   ကိုယ်စားလှယ်

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.မ.က (ရေပေါ်ကန်)နှင့် အ.ထ.က(သုံးခွ)တို့တွင် သင်ယူခဲ့သည်။ အမှတ်(၂) ဒေသကောလိပ်(လှိုင်)၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်နှင့် တပ်မတော်ဆေးတက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ယူခဲ့ပြီး M.B.B.S နှင့် M.Med.Sc (Public Health) ဘွဲ့ရရှိခဲ့သည်။
    တဆရ(၁/၁၀၀)၊ ခမရ(၃၁၁)တို့တွင် ပြည်သူ့စစ်မှုထမ်းဆေးမှူးတာဝန်၊ တဆရ(၁/၁၀၀၀)တွင် ပြန်တမ်းဝင်ဆေးမှူးတာဝန်၊ မဆရ(၁၃)၊မဆရ(၆)တို့တွင် တပ်ခွဲမှူး/ဆေးမှူးတာဝန်နှင့် မဆရ(၅)တွင် တပ်ရင်းမှူးတာဝန်တို့ကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ တဆရ(၂/၅၀၀)တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် မှတ်ပုံတင် အရာရှိ၊ တဆရ(၃)(၃၀၀)တွင် ဒုတိယတပ်မှူးတာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး ပထမ အကြိမ် ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
     နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်နှင့် ခြေလျင်တပ်ရင်းမှူးတံဆိပ်တို့ ရရှိခဲ့သည်။