ဗိုလ်မှူးကျော်ကျော်ထက်(တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အမည်

ဗိုလ်မှူးကျော်ကျော်ထက်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ် ကြည်း ၃၂၄၁၃

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/လဝန(နိုင်) ၀၀၈၀၉၇

မွေးသက္ကရာဇ်/အသက်

၂၅-၅-၁၉၇၆/(၃၉)နှစ်

မွေးဖွားရာဇာတိ

ရမည်းသင်းမြို

ပညာအရည်အချင်း

Ph.D(Mechanical)ပါရဂူ၊ အင်ဂျင်နီယာဘွဲ့(စက်မှု)

လက်ရှိအလုပ်အကိုင်

ဒုတိယတပ်ရင်းမှူး၊ အမှတ်(၁၁)လျှပ်စစ်နှင့် စက်မှု
            အင်ဂျင်နီယာတပ်ရင်း၊ ကျိုင်းတုံမြို့

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဇော်ဝင်း၊ ၇/ပမန(နိုင်)၀၉၂၃၆၆၊ ဌာနမန်နေဂျာ၊ စီမံရေးရာဌာန၊ ကုန်သွယ် လယ်ယာ(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှလှမြင့် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းနီစိမ်း၊ ၁၃/ကတန(နိုင်)၀၆၃၁၃၂၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)    မောင်ရောင်နီထက်၊ (၆)နှစ် ကျောင်းသား (၂)    မောင်ဉာဏ်သစ်သန်း 

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁)ရပ်ကွက်၊ လယ်ဝေးမြို့၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

 

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို လယ်ဝေးမြို့ အ.လ.က မြွေရိုးကြီး၊ အ.ထ.က(၁) လယ်ဝေးမြို့နှင့် အ.ထ.က(၁) သုဝဏ္ဏတို့တွင် ပညာသင်ကြားခဲ့သည်။ ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့တွင် ပညာ သင်ကြားခဲ့ပြီး ပါရဂူအင်ဂျင်နီယာ(စက်မှု)ဘွဲ့ ရရှိခဲ့သည်။
    ပလစ(၂)တွင် အလုပ်ရုံစုမှူးအဖြစ်လည်းကောင်း၊ တပ်မတော်သကြားစက် တပ်ဆင်ရေးအရာရှိအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်မြို့တွင် မဟာအင်ဂျင်နီယာသင်တန်း၊ အလုပ်ရုံခွဲမှူး၊ တပ်ရေးဗိုလ်ကြီး၊ မြောင်းတကာသံမဏိ စက်ရုံတံတား တည်ဆောက်ရေးအဖွဲ့ဝင်၊ ယာဉ်ဌာနမှူးအဖြစ် တပ်မတော်လျှပ်စစ် နှင့်စက်မှုအင်ဂျင်နီယာကျောင်း(ပြင်ဦးလွင်)၊ တပ်မှူးအဖြစ် အမှတ်(၄၅၄) အလုပ်ရုံ တပ်ခွဲ(လျှပ်/စစ်) မကွေးမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယတပ်ရင်းမှူးအဖြစ် အမှတ်(၁၁)လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်း ကျိုင်းတုံမြို့တွင် တာဝန် ထမ်းဆောင်လျက်ရှိသည်။
    ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။