ဗိုလ်မှူးတင့်လွင်စိုး(တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အမည်

ဗိုလ်မှူးတင့်လွင်စိုး

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ် ရေ ၃၇၉၇

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/သဃက(နိုင်) ၀၀၇၃၄၉

မွေးသက္ကရာဇ်/အသက်

၂၉-၃-၁၉၆၉/(၄၇)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့(သင်္ချာ)

လက်ရှိအလုပ်အကိုင်

ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ညှိနှိုင်းရေးမှူး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိုးတင့် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းစန်းနွယ်၊ ၁၂/ သဃက(နိုင်)၀၀၇၂၂၁၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သင်းသင်းရ၊ ၁၂/တမန(နိုင်)၀၀၇၅၄၈၊United Pharmaceutical Co.Ltd (မန်နေဂျာ)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

တိုက်(၈)၊ ၃၉(ဘီ)၊ အကောက်ခွန်(၂)လမ်း၊ (၃၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ)

 

 

အခြေခံပညာကို ရန်ကုန်တိုင်းဒေသကြီး၊ အ.မ.က(၁၆)သုဝဏ္ဏ၊ အ.လ.က (၂) မင်းဒင်(သုဝဏ္ဏ)နှင့် အ.ထ.က(သုဝဏ္ဏ)တို့တွင် သင်ယူခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့(သင်္ချာ) ရရှိခဲ့သည်။
    ရလရ(၁)တွင် ဒုဗိုလ်အဆင့်ဖြင့် သင်တန်းသားအရာရှိတာဝန်၊ ရဗစ(၁)တွင် ဗိုလ်အဆင့်ဖြင့် တွဲဖက်အရာရှိတာဝန်၊ ရယစ(၅၆)၊ ရခစ(၅၇)၊ ရပပနှင့် ရယစ(၃၆) တို့တွင် ဗိုလ်ကြီးအဆင့်ဖြင့် ဒုစစ်ရေယာဉ်မှူး၊ ရေး/ထောက်အရာရှိ၊ လုံခြုံရေး အရာရှိ၊ စစ်ရေယာဉ်မှူးတာဝန်၊ ရဗစ(၃)တွင် ဗိုလ်မှူးအဆင့်ဖြင့် ဒုစစ်ရေယာဉ်မှူး နှင့်ရေး/ထောက်အရာရှိတာဝန်၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်တွင် ဗိုလ်မှုးအဆင့် ဖြင့် ဦးစီး(ဒု)စစ်ရေးတာဝန်တို့ကို အဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။ ညှိနှိုင်းရေးမှူး အဖြစ် ရေတပ်သင်္ဘောဌာနချုပ်တွင် ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ရှိသည်။