|
အမည် |
သူရဦးရွှေမန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/သကန(နိုင်)ဝဝ၇၉၅၂ |
|
မွေးသက္ကရာဇ်/အသက် |
၁၁-၇-၁၉၄၇ / (၆၃) နှစ် |
|
မွေးဖွားရာဇာတိ |
ကညွတ်ကွင်း၊ ဖြူးမြို့နယ် |
|
ပညာအရည်အချင်း |
B.Sc(D.S.A),H.G.P |
|
လက်ရှိအလုပ်အကိုင် |
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအဖွဲ့ဝင်၊ (အငြိမ်းစား)ဗိုလ်ချုပ်ကြီး |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဖိုးဖေ(ကွယ်လွန်)၊ PYU - ၀၇၀၃၅၆ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဌေးရီ၊ ၇/ဖမန(နိုင်) ၀၈၀၁၂၈၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်လေးသက်၊ ၇/သကန(နိုင်) ၀၀၇၉၅၃၊ အငြိမ်းစား (အထက်တန်းပြ ဆရာမ) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဦးအောင်သက်မန်း၊ ၇/သကန(နိုင်) ၀၇၈၈၄၂၊ စီးပွားရေး (၂) ဦးတိုးနိုင်မန်း၊ ၇/သကန(နိုင်) ၀၇၈၈၄၃၊ စီးပွားရေး |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(အေ/၃)၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဇေယျာသီရိမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
- |
| (က) ပညာသင်ကြားခဲ့ဖူးသော ကျောင်းများကိုဖော်ပြရန် | အစိုးရမူလတန်းကျောင်း ၊ တောင်ပိုင်းရပ်ကွက် ၊ ကညွှတ်ကွင်း ၊ အ.ထ.က(ကညွှတ်ကွင်း)၊ အမှတ်စဥ်(၁၁) ဗိုလ်လောင်းသင်တန်း စစ်တက္ကသိုလ် ၊ မေမြို့။ |
| ( ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင် / ပြောင်းရွှေ့နေထိုင်ခဲ့ သည့်နေရာ၊ဌာနများ ဖော်ပြရန် | ၁၉၆၉ ခုနှစ်၌ တပ်မတော် ( ကြည်း ) တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့် အပ်ခြင်းခံရသည်။ ၁၉၆၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိတပ်စုမှူး၊ တပ်ခွဲမှူး ၊ ဦးစီးအရာရှိ ၊ ဒုတပ်ရင်းမှူး ၊ တပ်ရင်းမှူး၊ နည်းဗျူဟာမှူးတာဝန် များကို တပ်ရင်း၊ တပ်ဖွဲ့ ၊ တပ်မအသီးသီးတို့ တွင်လည်းကောင်း ၊အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ၊ အမှတ်( ၁၁ ) ခြေမြန်တပ်မ ဌာနချုပ်တပ်မမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတွင် ညှိနှိုင်းကွပ်ကဲရေးမှူး( ကြည်း၊ရေ၊ လေ) တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ |
| (ဂ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေး လုပ်ငန်း ဆောင်ရွက်ချက်များ ဖော်ပြရန် | ၁၉၉၇ ခုနှစ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းမှူး တာဝန်ထမ်း ဆောင်ခဲ့သည်။ ထိုစဉ်ကပင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်အဖြစ် တာဝန်ပေးခံခဲ့ရသည်။ ၂၀၀၁ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့ရာ ဗိုလ်ချုပ်ကြီးအဆင့် အထိ စစ်ဘက် ရာထူး တာဝန်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ ၊ အဖွဲ့ဝင်အဖြစ် စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင် ခဲ့သည်။၂၀၁၀ ပြည့်နှစ် ၊သြဂုတ်လတွင် တပ်မတော်မှ အငြိမ်းစား ယူပြီး ယနေ့ အချိန်အထိ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအဖွဲ့ဝင် တာဝန်ကို ထမ်းဆောင်လျက် ရှိသည်။ |
| (ဃ) ပြစ်မှု/ပြစ်ဒဏ် ကျခံဖူးခြင်း ရှိ/မရှိ (ရှိပါက အသေးစိတ် ဖော်ြပရန်) | မရှိပါ |
| (င) ချီးမြှင့်ခံရသော ဘွဲ့ထူး / ဂုဏ်ထူး | “သူရဘွဲ့” ၁၉၈၈ ခုနှစ် ၊ မဲသဝေါ စစ်ဆင်ရေးများတွင် သူရသတ္တိနှင့် စစ်ရေး စွမ်းရည်ထက်မြတ်၍ သူရဘွဲ့အပ်နှင်းခြင်းခံခဲ့ရသည်။ |
| (စ) အခြားဖော်ပြရန် ရှိသည်များ | ပြည်ပနိုင်ငံတကာအတွေ့အကြုံအားဖြင့် နိုင်ငံပေါင်း (၁၃)နိုင်ငံသို့ တာဝန် အမျိုးမျိုးဖြင့် ရောက်ရှိခဲ့သည်။ |
