|
အမည် |
ဦးမောင်ဦး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ရပသ(နိုင်) ၀၁၆၂၀၅ |
|
မွေးသက္ကရာဇ်/အသက် |
၁၆-၉-၁၉၅၀ / (၆၀ )နှစ် |
|
မွေးဖွားရာဇာတိ |
မကျီးပင်ကျေးရွာ၊ တပ်ကုန်းမြို့နယ် |
|
ပညာအရည်အချင်း |
B.Sc (D.S.A) |
|
လက်ရှိအလုပ်အကိုင် |
ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးသန်းမောင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြမှန်၊ PMA- ၂၇၃၅၈၃၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါက်တာဒေါ်ညွန့်ညွန့်ဦး၊ ၁၂/ရပသ (နိုင်) ၀၁၆၃၇၀၊ ကျန်းမာရေးဝန်ထမ်း (ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ကျော်စွာဦး၊ ၅/မရန(နိုင်) ၁၃၅၁၅၈၊ အရောင်းအဝယ်၊ (၂) မဆွေဇင်ဦး၊ ၃/ကကရ (နိုင်) ၀၆၉၈၂၃၊ မှီခို |
|
အမြဲတမ်းနေရပ်လိပ်စာ |
စီ-၉၁၃၊ ဇေယျာသီရိရပ်ကွက်၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တပ်ကုန်း မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ.မ.က (မကျီးပင်)နှင့် အ.ထ.က(၁)တပ်ကုန်းတို့၌ သင်ကြားခဲ့သည်။ ထို့နောက် ပြင်ဦးလွင် စစ်တက္ကသိုလ်၌ ပညာဆက်လက် သင်ကြားခဲ့သည်။ ခလရ(၃၅)တွင် ဒုဗိုလ် ၊ ဗိုလ်အဖြစ် လည်းကောင်း ၊ ခလရ(၁)တွင်ဗိုလ် / ဗိုလ်ကြီးအဖြစ် လည်းကောင်း ၊ ခလရ(၁၁)တွင် ဗိုလ်ကြီးအဖြစ် လည်းကောင်း ၊ တမခ(၅၅)တွင် ဗိုလ်ကြီး ( ကာကွယ်ရေးတပ်စုမှူး ) အဖြစ် လည်းကောင်း ၊ ခလရ(၉၆)တွင် ဗိုလ်ကြီးအဖြစ် လည်းကောင်း ၊ ခလရ(၈၃)တွင် ဗိုလ်မှူး ၊ ဗိုလ်ကြီးအဖြစ် လည်းကောင်း၊ ကစထ(၂)တွင် ဗိုလ်မှူး(စစ်ဦးစီးမှူး- ဒု)အဖြစ် လည်းကောင်း ၊ ခလရ(၆)တွင် ဗိုလ်မှူး (ဒု-တပ်ရင်းမှူး) အဖြစ် လည်းကောင်း ၊ ခလရ (၂၃၀) တွင် ဗိုလ်မှူး ၊ ဒု-ဗိုလ်မှူးကြီး (တပ်ရင်းမှူး)အဖြစ် လည်းကောင်း၊ မပခတွင် ဒု-ဗိုလ်မှူးကြီး (စစ်ဦးစီးမှူး-ပ) အဖြစ် လည်းကောင်း ၊ နမခတွင် ဗိုလ်မှူးကြီး/ဒု-ဗိုလ်မှူးကြီး (စဗဟမှူး -ခန္တီး) အဖြစ် လည်းကောင်း ၊ စကခ (၁)တွင် ဗိုလ်မှူးကြီး ၊ (ဒု-စကခမှူး)အဖြစ် လည်းကောင်း ၊ စကခ(၈)တွင် ဗိုလ်မှူးချုပ် ၊ ဗိုလ်မှူးကြီး (စကခမှူး) အဖြစ် လည်းကောင်း ၊ နပခတွင် ဗိုလ်ချုပ် ၊ ဗိုလ်မှူးချုပ် (တိုင်းမှူး) အဖြစ် လည်းကောင်း ၊ ၂၀၀၄ ခုနှစ်မှ ယနေ့အထိ ဝန်ကြီး (ပြည်ထဲရေး ဝန်ကြီးဌာန) အဖြစ် လည်းကောင်း ၊ ၂၀၀၉ ခုနှစ် မှ ယနေ့အထိ ဝန်ကြီး (လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဥက္ကဋ္ဌအဖြစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး (ဗဟို) အဖွဲ့ ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့ ၊ ဂုဏ်ထူးဆောင်ဘွဲ့များ ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် ပဏာမ စိစစ်ရေး အဖွဲ့၊ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး (ဗဟို) အဖွဲ့၊ အမျိုးသား မြို့ပြလေကြောင်း လုံခြုံရေး ကော်မတီ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့၊ မြန်မာနိုင်ငံသား ဥပဒေ ဗဟိုအဖွဲ့တို့တွင် ဆောင်ရွက်ခဲ့သည်။ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ရေးအရင်းမြစ်ဆိုင်ရာ ကော်မတီ၊ အမျိုးသား ကျန်းမာရေး ကော်မတီနှင့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်မှု ဦးဆောင်ကော်မတီတို့ တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့ထူး ၊ ဂုဏ်ထူးပေါင်း (၁၇)ခု ရရှိခဲ့သည်။ ၎င်းတို့တွင် မိုင်းယန်း/မဲသဝေါ တိုက်ပွဲတံဆိပ် ၊ တပ်မတော်ဂုဏ်ဆောင် အမှုထမ်းတံဆိပ် (ပထမတန်း)၊ အဆင့်အလိုက် ဂုဏ်ထူးဆောင် တံဆိပ် နိုင်ငံအကျိုးဆောင် တံဆိပ်နှင့် မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟတံဆိပ်တို့ ပါဝင်သည်။ ၂၀၀၇ ခုနှစ်မှစတင်၍ ပညာရေး၊ ကျန်းမာရေး ၊ လမ်းပန်း ဆက်သွယ်ရေး ၊ ရေရရှိရေး ၊ ဘာသာရေးနှင့် လူမှုရေး ၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများတွင် စုစုပေါင်း(၆၄၉၉.၄၄)သိန်း သုံးစွဲလှူဒါန်း ပေးခဲ့သည်။ |
