ဗိုလ်ချုပ်တောက်ထွန်း (တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အမည်

ဗိုလ်ချုပ်တောက်ထွန်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ် ကြည်း ၁၇၉၄၃

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၃/ဘအန(နိုင်)၀၂၀၂၇၅

မွေးသက္ကရာဇ်/အသက်

၁၀-၃-၁၉၆၂/(၅၃)နှစ်

မွေးဖွားရာဇာတိ

မြိုင်မြို့၊ မကွေးတိုင်းဒေသကြီး

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(သမိုင်း)၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်း၊ ကျောင်းအုပ်ကြီး၊ အမှတ်(၄) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသိန်းအောင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ငွေသီး (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လဲ့လဲ့ဝင်း၊ ၁၂/အစန(နိုင်)၀၆၉၆၃၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မခင်သဒ္ဒါပြည့်၊ မှီခို (၂) မောင်ရဲရင့်ကောင်းထွန်း၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ သံဖြူဇရပ်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

 

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့(အ.မ.က)၊ ဆောမြို့ အ.မ.က(၁)နှင့် အ.ထ.က၊ မကွေးမြို့ အ.ထ.က(၁)တို့တွင် သင်ယူခဲ့သည်။ ပခုက္ကူ ဒေသကောလိပ်၊ တောင်ကြီး အဝေးသင်တက္ကသိုလ်နှင့် မုံရွာအဝေးသင်တက္ကသိုလ် တို့တွင် ပညာဆက်လက်သင်ယူခဲ့ပြီး ဝိဇ္ဇာဘွဲ့(သမိုင်း)ရရှိခဲ့သည်။ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ) ရရှိခဲ့သည်။ 
    ခလရ (၂၁)တွင် အလုပ်သင်ဗိုလ်အဆင့်ဖြင့် တပ်စုမှူးတာဝန်၊ ခလရ(၆၉)၌  ဒုဗိုလ်အဆင့်ဖြင့် တပ်စုမှူးတာဝန်၊ အမတ(၂)၌ ဒုဗိုလ်၊ ဗိုလ်အဆင့်တို့ဖြင့် တပ်စုမှူး တာဝန်၊ ခမရ (၂) ၌ ဗိုလ်၊ ဗိုလ်ကြီးအဆင့်တို့ဖြင့် တပ်စုမှူး၊ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိတာဝန်၊ ခမရ(၄၀၈)နှင့် ကက(ကြည်း)တို့၌ ဗိုလ်ကြီးအဆင့်ဖြင့် တပ်ရေး ဗိုလ်ကြီး၊ စစ်ဦးစီးမှူး(တတိယတန်း)တာဝန်၊ ခမရ(၂၀၃)နှင့် စဗခ(တနိုင်း)တို့၌ ဗိုလ်မှူးအဆင့်ဖြင့် တပ်ခွဲမှူး၊ စစ်‌ကြောင်းမှူး၊  စစ်ဘက်ရေးရာလုံခြုံရေးတာဝန်၊ ခလရ(၃၀) ခမရ(၅၂၁)နှင့် တခရ(ဗထူး)တို့၌ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီးအဆင့် တို့ဖြင့် ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူးနှင့် အထက်တန်းနည်းပြတာဝန်၊ နမခနှင့် တမခ (၄၄)တို့၌ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်တို့ဖြင့် စစ်ဗျူဟာမှူး၊ တပ်မမှူး တာဝန် များကို အဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။ အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့် ရေးကျောင်းတွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် ကျောင်းအုပ်ကြီးတာဝန် ထမ်းဆောင်လျက် ရှိသည်။ 
    နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲတံဆိပ်၊ နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်၊ မိုင်းယန်း-မဲသဝေါတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ စစ်မှုထမ်းသက် (၂၀)နှစ်တံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းတံဆိပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်တို့ ရရှိခဲ့သည်။