|
အမည် |
ဦးတင်ထွေး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/ဝမန(နိုင်)၀၉၁၃၆၀ |
|
မွေးသက္ကရာဇ်/အသက် |
ဆုတ်၅.၁၀.၁၃၀၇/(၆၉)နှစ် |
|
မွေးဖွားရာဇာတိ |
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊အထက်ပန်းညိုကျေးရွာ |
|
ပညာအရည်အချင်း |
ဥပဒေဘွဲ့ရ(LL.B) |
|
လက်ရှိအလုပ်အကိုင် |
တရားလွှတ်တော်ရှေ့နေ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘသောင်၊ WAW -၀၁၆၃၄၂၊(ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သန်းရှင်၊ WAW - ၀၁၆၃၄၃၊ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ညွန့်ရီ၊ ၇/ဝမန(နိုင်) ၀၀၃၇၅၀၊ (ဆန်ရောင်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ကိုမျိုးမင်းထွန်း၊ ၇/ဝမန(နိုင်) ၀၀၁၀၇၈Myanmar Tila Language School (MD) (၂) ကိုခွန်မင်းနောင်၊ ၇/ဝမန(နိုင်) ၀၀၁၀၇၇ ဆန်၊ စပါးကြိတ်ခွဲရောင်းဝယ်ရေးနှင့် ဆန်စက်လုပ်ငန်း |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၂၂) မင်းလမ်း၊ ချမ်းမြသာစည် ရပ်ကွက်၊ ဝေါမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗဟိုညီလာခံကိုယ်စားလှယ်၊ တိုင်းစည်းကမ်းအဖွဲ့ဝင် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဝေါမြို့နယ်(ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို ဝေါမြို့နယ်အထက် ပန်းညိုကျေးရွာ၊ မူလတန်းကျောင်း၊ ညောင်ခါးရှည်ကျေးရွာ အလယ်တန်းကျောင်း၊ ဝေါမြို့ အစိုးရအထက်တန်းကျောင်း တို့တွင် သင်ယူခဲ့ပါသည်။ ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စာပေးစာယူတက်ရောက်ခဲ့ပြီး ဥပဒေဘွဲ့(LL.B)ရရှိခဲ့ပါသည်။ မူလတန်းပြဆရာ၊ မြို့နယ် ကောင်စီဝင်၊ မြို့နယ်လမ်းစဉ်လူငယ်အတွင်းရေးမှူး အထက်တန်းရှေ့နေ၊ တရားရုံးချုပ်ရှေ့နေ၊ တရားလွှတ်တော် ရှေ့နေစသည့် လုပ်ငန်းများ လုပ်ကိုင်ခဲ့ပါသည်။ လမ်းစဉ်ပါတီ လက်ထက်၌ ပါတီဝင်၊ ပါတီစိတ်မှူး၊ မြို့နယ်လူငယ် ကော်မတီဝင်၊ အတွင်းရေးမှူးတို့အဖြစ် အဆင့်ဆင့် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဘ/ကကျောင်းအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ၊ မြို့နယ်နာရေးအသင်းနာယက၊ ပညာရေး ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌတို့အဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈-၈၉ ခုနှစ်မှစ၍ ယနေ့ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် မြို့နယ် အတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ပါသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ထောက်လှမ်းရေး အဖွဲ့၏ ခေါ်ယူစုံစမ်းထိန်းသိမ်းခြင်းကို (၅)ကြိမ်နှင့် ပေါ်တာအဖြစ် ကျောက်ကြီးမြို့သို့ တစ်ကြိမ် ခေါ်ယူခြင်းခံခဲ့ရပါသည်။ |
