ဦးခင်မောင်သန်း (တောင်ငူမဲဆန္ဒနယ်)

အမည်

ဦးခင်မောင်သန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/တငန(နိုင်)၁၀၄၅၃၁

မွေးသက္ကရာဇ်/အသက်

၂၄-၉-၁၉၆၂/(၅၃)နှစ်

မွေးဖွားရာဇာတိ

တောင်ငူမြို့

ပညာအရည်အချင်း

B.E(E.P) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့

လက်ရှိအလုပ်အကိုင်

အုပ်ချုပ်မှုဒါရိုက်တာ၊ Happy Limited

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်သန်း၊ ၇/တငန(နိုင်)၀၆၂၄၇၅၊ စက်မှုလက်မှုလုပ်ငန်း

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အုန်းနု၊ ၇/တငန(နိုင်)၀၆၂၃၃၉

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သက်ခိုင်၊ ၇/တငန(နိုင်)၀၅၁၆၄၄၊ ထုတ်လုပ်သူ(သင်္ကေတရုပ်ရှင်ထုတ်လုပ်ရေး)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ပြည့်မှူး၊ ၇/တငန(နိုင်)၁၉၀၀၅၇၊ ကျောင်းသား

(၂) မောင်နေဗလ၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် ၃၄၁၊ ယင်းမာမြိုင်လမ်း၊ (သုဝဏ္ဏ) သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တောင်ငူမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၇၄ မှ ၁၉၈၀ ထိ အ.ထ.က(၁)တောင်ငူတွင် အခြေခံ ပညာကို သင်ယူခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ပဲခူးဒေသ ကောလိပ်၊ ၁၉၈၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ် မြေ)၊ ၁၉၈၃ မှ ၁၉၈၇ ထိ ရန်ကုန်စက်မှုတက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး B.E(E.P)ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၃ မှ ၁၉၉၇ ထိ ဒါရိုက်တာ ကေတုမတီကုမ္ပဏီလီမိတက်၊ ၁၉၉၇ မှ ၂၀၀၀ ထိ ဒါရိုက်တာအဖွဲ့အကြံပေးနှင့် ကွန်ပျူတာ ပညာရှင် CB Bank၊ အုပ်ချုပ်မှု ဒါရိုက်တာ Happy Ltd.။ အုပ်ချုပ်မှုဒါရိုက်တာ ကောက်ရိုးနွယ်ခရီးသွားလုပ်ငန်းလီမိ တက်စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် သင်္ကေတရုပ်ရှင်နှင့် ဗွီဒီယိုထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်း ကိုလည်း လုပ်ကိုင်ခဲ့ပါသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ် (ဖျက်သိမ်း) လူငယ်တာဝန်ခံနှင့် ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်အဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကယ်ဆယ်ရေးတွင် ဧရာဝတီသစ္စာအဖွဲ့ကို စုစည်း၍ ဘိုကလေးမြို့ တွင် အခြေစိုက်ပြီး ပြန်လည်ထူထောင်ရေးအတွက် လယ်ဧက ၈၀၀ ကျော်ကို ထွန်ယက်စိုက်ပျိုးပေးခြင်းနှင့် လူနေအိမ်များ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် တောင်ငူမြို့ ရွှေဆံတော် ဘုရားခြေရင်း၌ လွမ်းသူ့ပန်းခွေချသည့်အတွက် တောင်ငူမြို့ စစ်ခုံရုံးမှ အရေးပေါ် စီမံချက်အက်ဥပဒေပုဒ်မ ၅(ဃ)ဖြင့် ပြစ်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။ ၂၉-၆-၁၉၉၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံး၏ စာအမှတ်၊ ၁၀၀/၁-ရပ(၉)/ပထရ အရ လက်ကျန်ပြစ်ဒဏ်များကို လျှော့ပေါ့၍ ပြီးပြတ်ခဲ့သည်။