|
အဆင့်၊ အမည် |
ဗိုလ်မှူး / ဗိုလ်ကြီး ဝင်းကိုကို |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၃၀၄၆ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/တငန(နိုင်) ၀၉၈၇၀၅ |
|
မွေးသက္ကရာဇ်/အသက် |
၂၄-၁-၁၉၇၉ / (၃၂) နှစ် |
|
မွေးဖွားရာဇာတိ |
C.V.L ရပ်၊ ရမည်းသင်းမြို့၊ မန္တလေးတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (သင်္ချာ) စစ်တက္ကသိုလ်၊ မဟာသိပ္ပံဘွဲ့ (အင်ဂျင်နီယာ သင်္ချာ ) ရန်ကုန် တက္ကသိုလ် |
|
လက်ရှိအလုပ်အကိုင် |
စစ်မှုထမ်း၊ ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး)၊ ခမရ (၅၂၈) ၊ မိုင်းပြင်း၊ တသခ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမြင့်ဝင်းအုန်း၊ ကွယ်လွန်၊ ထောင်မှူး၊ မန္တလေး ဗဟိုအကျဉ်းထောင် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်မြရီ၊ ၇/တငန(နိုင်) ၀၇၂၄၂၆၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးသီတာခိုင်၊ ၈/မကန (နိုင်) ၀၈၉၅၀၆၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်အောင်စွမ်းပြည့်၊ (၁) နှစ် |
|
အမြဲတမ်းနေရပ်လိပ်စာ |
အောင်ချမ်းသာရပ်၊ G.T.C အနီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း၊ ဖုန်း - ၀၂-၉၁၀၁၀၇၆၀ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ-မ-က ပန်းဘဲတန်း တောင်ငူ၊ အ-လ-က (၄) မိုင် တောင်ငူနှင့် အ-ထ-က (၁) ရမည်းသင်းမြို့တွင် သင်ယူခဲ့သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် ရန်ကုန် ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်တို့ကို တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ (သင်္ချာ) နှင့် မဟာသိပ္ပံဘွဲ့ (အင်ဂျင်နီယာ သင်္ချာ) ရရှိခဲ့သည်။ စစ်တက္ကသိုလ်မှ အောင်စစ်သည်ဆု ရရှိခဲ့သည်။ ခ-မ-ရ (၅၃၆) ရသေ့တောင်တွင် (၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ) ဒုဗိုလ်မှ ဗိုလ်ကြီး အထိလည်းကောင်း၊ စစ်တက္ကသိုလ်တွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ လ/ထ ကထိက (ဗိုလ်ကြီး) အထိ လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ခ-ပ-ရ (၅၂၈) မိုင်းပြင်းမြို့ တွင် (၂၀၁၀ မှ ယနေ့ထိ) ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး) အဆင့်ဖြင့် တာဝန်များ ထမ်းဆောင်လျက် ရှိသည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့ စစ် တိုက်ပွဲဝင် တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ ခြေလျင် တပ်ခွဲမှူး၊ တပ်စုမှူး သင်တန်း တံဆိပ်များ ရရှိခဲ့သည်။ |
