ဗိုလ်မှူး သီဟန်ဦး(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အမည်

ဗိုလ်မှူး သီဟန်ဦး

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၂၇၈၃၂

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ခစန(နိုင်) ၀၃၉၀၈၁

မွေးသက္ကရာဇ်/အသက်

၈-၈-၁၉၆၉/(၄၂) နှစ်

မွေးဖွားရာဇာတိ

မိတ္ထီလာမြို့နယ်

ပညာအရည်အချင်း

M.B.B.S အဆင့်မြင့် ဒီပလိုမာ၊ တရုတ်တိုင်းရင်းဆေး (တရုတ်)

လက်ရှိအလုပ်အကိုင်

ဆေးမှူး၊ တဆရ ၂/၇၀၀

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဗိုလ်မှူးတင်ဦး(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရင်မြ၊ ISN-၄၁၄၅၇၄၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မီမီဇင်၊ ၉/ မထလ(နိုင်) ၁၇၀၂၁၄၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မခင်ဦးသီဟန်၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

တိုက် (၂)၊ အခန်း(၆)၊ ဝေဠုန်ဝန်အိမ်ရာ (တောင်)၊ စမ်းချောင်းမြို့နယ်၊ ဖုန်း ၀၉၄၉၈၇၀၀၂၅

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မြစ်ကြီးနားမြို့ အ-မ-က၊ မိတ္ထီလာ မြေပြင်အတတ်သင် လေတပ်စခန်း၊ အ-မ-က၊ အ-မ-က မြစ်ကြီးနား နန်းလိုင်။ အမှတ် (၅၀၂) နှင့် (၅၀၃) လေတပ်စခန်းဌာနချုပ် တွဲဖက်အလယ်တန်းကျောင်းနှင့် အ-ထ-က (၂) မင်္ဂလာဒုံတို့တွင် ဆည်းပူးခဲ့သည်။ ဆေးတက္ကသိုလ်(၂) ရန်ကုန်နှင့် တရုတ်ပြည်တွင် တိုင်းရင်းဆေးပညာကို သင်ယူခဲ့သည်။ M.B.B.S နှင့် အဆင့်မြင့် ဒီပလိုမာ၊ တရုတ်တိုင်းရင်းဆေးဘွဲ့ ရရှိခဲ့သည်။

မဆရ (၂)တွင် ဆေးမှူးအဖြစ်လည်းကောင်း၊ တဆရ (၂/၅၀၀)တွင် ဆေးမှူးအဖြစ်လည်းကောင်း၊ စကခ (၁၇)တွင် ဆေးတပ်ခွဲမှူးအဖြစ်လည်းကောင်း၊ တဆရ (၂/၇၀၀)တွင် ဆေးမှူးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ တဆရ (၅/၁၀၀)တွင် ခေတ္တတပ်မှူးတာဝန်များ ထမ်းဆောင်လျက်ရှိသည်။