ဗိုလ်မှူး အေးဝင်း(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အမည်

ဗိုလ်မှူး အေးဝင်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၂၈၃၀၀

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ တကန(နိုင်) ၀၅၃၀၃၃

မွေးသက္ကရာဇ်/အသက်

၂-၉-၁၉၆၉/(၄၁)နှစ်

မွေးဖွားရာဇာတိ

သနပ်ချောင်းရွာ၊ တိုက်ကြီးမြို့၊

ပညာအရည်အချင်း

အင်ဂျင်နီယာဘွဲ့ (မြို့ပြ)

လက်ရှိအလုပ်အကိုင်

တပ်မှူး၊ အမှတ် (၉၆၅) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ

အဘအမည် ၊

မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစံလှ၊ TKI -၀၅၉၆၇၅

အမိအမည် ၊

မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြွေ၊ TKI -၀၅၉၆၇၆

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နီနီမာ၊ ၁၃/ ရစန(နိုင်) ၀၀၀၃၅၂၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်မင်းသုတ

(၂) မအိရွှန်းလဲ့မေ

(၃) မောင်ဖြိုးတေဇ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၂၀၈)၊ အင်းဝလမ်း၊ (၆) ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ-လ-က တိုက်ကြီးနှင့် အ-ထ-က တိုက်ကြီးတို့ တွင် ပညာသင်ယူခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက်ရောက် ခဲ့ပြီး အင်ဂျင်နီယာဘွဲ့ (မြို့ပြ) ရရှိခဲ့သည်။

အမှတ် (၉၁၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် တပ်စုမှူး အဖြစ်လည်းကောင်း၊ အမှတ် (၉၇၆) ဆောက်လုပ်ရေးတပ်စု (အင်ဂျင်နီယာ)တွင် လ/ထ စစ်မြို့နယ်အင်ဂျင်နီယာ အဖြစ်လည်းကောင်း၊ အမှတ် (၉၀၄) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းတွင် တပ်ခွဲမှူးနှင့် အမှတ် (၉၆၅) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲတွင် တပ်မှူးတာဝန်များ ထမ်းဆောင်လျက် ရှိသည်။

နိုင်ငံတော်မှချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့ စစ်တိုက်ပွဲ ဝင်တံဆိပ်၊ ခြေလျင်တပ်ခွဲမှူး၊ တပ်ရင်းမှူး သင်တန်းတံဆိပ်နှင့် စစ်မှုထမ်းတံဆိပ်သက် (၁၀) နှစ်တံဆိပ်များ ရရှိခဲ့သည်။