ဗိုလ်မှူး အောင်ပိုင်ဦး(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

 

အမည်

ဗိုလ်မှူး အောင်ပိုင်ဦး

အခြားအမည်

သက်ဦး

ပြန်တမ်းဝင်အမှတ်

ကြည်း ၂၈၇၇၉

လူမျိုး/ဘာသာ

မွန်-ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/ကမရ (နိုင်) ၀၀၁၅၆၈

မွေးသက္ကရာဇ်/အသက်

၁၀-၁၁-၁၉၇၂/(၃၉ )နှစ်

မွေးဖွားရာဇာတိ

ကျိုက်မရောမြို့ ၊ မွန်ပြည်နယ်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(သမိုင်း)၊ ဥပဒေ ဒီပလိုမာဘွဲ့

လက်ရှိအလုပ်အကိုင်

မော်တော်ယာဉ်တပ်ခွဲမှူး၊ အမှတ်(၁) မော်တော်ယာဉ် တပ်ရင်း

အဘအမည် ၊

မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထွန်းကြည်၊ ၁၀/ကမရ (နိုင်)၀၀၂၆၆၄၊ မှီခို

အမိအမည် ၊

မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိန်သွင်၊ ၁၀/ကမရ (နိုင်)၊ ၀၀၂၁၃၄

ဇနီး(သို့)ခင်ပွန်းအမည် ၊

မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သင်းသင်းအေး ၊ ၁၂/ဥကမ (နိုင်) ၀၅၉၅၁၈၊မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမေမြတ်မွန်၊ (၄) နှစ်

(၂) မမေသူဇာပိုင်၊ (၁) နှစ်

အမြဲတမ်းနေရပ်လိပ်စာ

အရာရှိအိမ်ထောင်သည်လိုင်း၊ အမှတ်(၁) မော်တော်ယာဉ် တပ်ရင်း၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ-မ-က(၂) ကျိုက်မရောနှင့် အ-ထ-က ကျိုက်မရော မြို့တွင် သင်ယူခဲ့ပြီး မော်လမြိုင်တက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်တို့တွင် တက်ရောက်ခဲ့ရာ ဝိဇ္ဇာဘွဲ့ (သမိုင်း)နှင့် ဥပဒေဒီပလိုမာဘွဲ့ ရရှိခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံနှင့် သိန္နီမြို့တို့တွင် ဗိုလ်နှင့် ဗိုလ်ကြီးအဆင့် ရတခ (မော်လမြိုင်)မြို့တွင် ဗိုလ်ကြီးအဆင့်ဖြင့် ဦးစီးအရာရှိ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နှင့် လောက်ကိုင် မြို့တို့တွင် ဗိုလ်မှူး/ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဆင့် တာဝန်ထမ်း ဆောင်ခဲ့သည်။ အမှတ်(၁) မော်တော်ယာဉ်တပ်ရင်း( နေပြည်တော်) တွင် မော်တော်ယာဉ်တပ်ခွဲမှူးအဖြစ် တာဝန်များကို ထမ်းဆောင် လျက်ရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကျိုက်မရော) မြို့နယ် အသင်း တွင် အလုပ်အမှုဆောင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သည့် နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင်တံဆိပ် ၊ နိုင်ငံတော်အေးချမ်းသာယာရေး တံဆိပ်နှင့် မိုင်းယမ်း - မဲသဝေါတိုက်ပွဲဝင်တံဆိပ်တို့ ရရှိခဲ့သည်။