ဗိုလ်မှူး / ဗိုလ်ကြီး မင်းဟန်ထွန်း(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး / ဗိုလ်ကြီး မင်းဟန်ထွန်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၃၁၇၈

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/မထ (နိုင်) ၀၉၆၃၁၇

မွေးသက္ကရာဇ်/အသက်

၁၃--၁၉၇၉

မွေးဖွားရာဇာတိ

ပုသိမ်မြို့

ပညာအရည်အချင်း

မဟာဝိဇ္ဇာဘွဲ့ (ပထဝီဝင်)၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်

လက်ရှိအလုပ်အကိုင်

ခလရ(၂၉) မြစ်ကြီးနားမြို့၊ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဖေဟန်ထွန်း၊ ၈/မထန(နိုင်) ၀၁၂၅၃၈၊ စွမ်းအင်ဝန်ကြီးဌာန၊ အမှတ်(၁) ရေနံချက် စက်ရုံ၊ သန်လျင် (ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စီစီ၊ ၈/မထန(နိုင်) ၀၁၂၅၃၉၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စောယုတင့်၊ ၁၂/မဂဒ(နိုင်) ၀၀၃၃၂၂၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အိမ်အမှတ် (၈)၊ (၈၉) လမ်း၊ ကန်တော်ကလေး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး ၀၁-၂၄၀၆၉၇

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မကွေးတိုင်း အမှတ်(၃) ဓာတ်မြေဩဇာ စက်ရုံ (ကျော်စွာ) အ-မ-က၊ ရန်ကုန်မြို့ ကမာရွတ် အ-ထ-က (၂)နှင့် မြင်းခြံမြို့ အ-ထ-က (၁)တို့၌ သင်ယူခဲ့သည်။ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၄၃)၌ တက်ရောက် ခဲ့သည်။

ဝိဇ္ဇာဘွဲ့ (ပထဝီဝင်) စစ်တက္ကသိုလ်နှင့် မဟာဝိဇ္ဇာဘွဲ့ (ပထဝီဝင် )တို့ရရှိခဲ့ပါသည်။

ခမရ(၃၆၅)၌ ၂၀၀၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဒု-ဗိုလ်အဆင့်ဆင့်ဖြင့် တပ်စုမှူးတာဝန်၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဗိုလ်အဆင့်ဖြင့် တပ်ခွဲမှူးတာဝန်၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနစ်အထိ ဗိုလ်ကြီးအဆင့်ဖြင့် တပ်ခွဲမှူးတာဝန်၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည်နှစ်အထိ တမခ (၉၉)၌ ဗိုလ်ကြီးအဆင့်ဖြင့် စစ်ဦးစီးမှူး(တတိယတန်း) တာဝန်တို့ကို ထမ်း ဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ယနေ့အထိ ခလရ(၂၉)၌ ဗိုလ်မှူး/ဗိုလ်ကြီးအဆင့် ဖြင့် ယာယီတပ်ခွဲမှူး ဗိုလ်မှူး( ဌာနချုပ်တပ်ခွဲမှူး) တာဝန်ထမ်းဆောင်လျက် ရှိသည်။

နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ ခြေလျင်တပ်စုမှူး သင်တန်းတံဆိပ်နှင့်ခြေလျင်တပ်ခွဲမှူး သင်တန်းတံဆိပ်များ ချီးမြှင့် ခံရသည်။