ဗိုလ်မှူး / ဗိုလ်ကြီး သက်မိုးအောင် (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး / ဗိုလ်ကြီး သက်မိုးအောင်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၃၁၇၀

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/ရကန(နိုင်) ၀၃၇၇၇၃

မွေးသက္ကရာဇ်/အသက်

၁၅-၆-၁၉၈၀ / (၃၀) နှစ်

မွေးဖွားရာဇာတိ

ရွှေကျင်မြို့၊ ပဲခူးတိုင်း

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်)၊ မဟာကွန်ပျူတာ သိပ္ပံဘွဲ့ (ရုရှား)

လက်ရှိအလုပ်အကိုင်

အမှတ် (၃၄၇)၊ ခြေမြန်တပ်ရင်း၊ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသိန်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်မြိုင်၊ ၇/ရကန(နိုင်) ၀၀၃၄၃၆၊ ဈေးရောင်း

ဇနီး(သို့)ခင်ပွန်းအမည်၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဥမ္မာထွန်း၊ ၁၀/သတန(နိုင်) ၀၇၀၆၈၅၊ ကျောင်းဆရာမ (လယ်/ပြ)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်အဂ္ဂမိုး၊ မှီခို

(၂) မောင်ခွန်မင်းဆက်၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁၄၁)၊ ငွေသောင်ယံ (၁) လမ်း၊ ပွဲကုန်းရပ်ကွက်၊ ရွှေကျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ-မ-က (မကျည်းတန်း) နှင့် အ-ထ-က ရွှေကျင်မြို့တို့တွင် သင်ယူခဲ့ပြီး ပြင်ဦးလွင်၊ စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ရာ သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ရုရှားနိုင်ငံတွင် မဟာ ကွန်ပျူတာ သိပ္ပံဘွဲ့ (ရုရှား) ရရှိခဲ့သည်။

အမှတ် (၃၇၇) ခြေမြန်တပ်ရင်းတွင် ဒုတိယဗိုလ် (တပ်စုမှူး) အဆင့်နှင့် ဗိုလ် (တပ်စုမှူး) အဆင့်ဖြင့်လည်းကောင်း၊ စစ်တက္ကသိုလ်၊ ပြင်ဦးလွင်မြို့တွင် ဗိုလ်ကြီး လ/ထ ကထိက အဆင့်ဖြင့်လည်းကောင်း၊ တာဝန်များ ထမ်းဆောင်ခဲ့သည်။ အမှတ် (၃၄၇) ခြေမြန်တပ်ရင်းတွင် ဗိုလ်မှူး၊ ဗိုလ်ကြီး ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး) အဆင့်ဖြင့် တာဝန်ကို ယနေ့အထိ ထမ်းဆောင်လျက် ရှိသည်။

နိုင်ငံတော်မှ ချီးမြှင့်သည့် နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းသက် တံဆိပ်၊ ခြေလျင် တပ်စုမှူး သင်တန်း တံဆိပ်နှင့် ခြေလျင် တပ်ခွဲမှူး သင်တန်း တံဆိပ်များ ရရှိခဲ့သည်။