|
အမည် |
ဗိုလ်မှူး / ဗိုလ်ကြီး ဇော်ဇော်လင်း |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၃၁၆၀ |
|
လူမျိုး/ဘာသာ |
ရခိုင်/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၁/သတန (နိုင်) ၀၅၄၃၄၁၇ |
|
မွေးသက္ကရာဇ်/အသက် |
၂၄-၈-၁၉၇၉ / (၃၂) နှစ် |
|
မွေးဖွားရာဇာတိ |
သံတွဲမြို့၊ ရခိုင်ပြည်နယ် |
|
ပညာအရည်အချင်း |
မဟာဝိဇ္ဇာဘွဲ့ (ပထဝီဝင်)၊ စစ်တက္ကသိုလ် |
|
လက်ရှိအလုပ်အကိုင် |
ဌာနချုပ် တပ်ခွဲမှူး ခလရ(၂၂၈) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလှဝင်း (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ညွှန့်တင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သင်းသူဇာလွင်၊ ၆/မအရ(နိုင်) ၀၀၀၉၃၃၊ ကုမ္ပဏီဝန်ထမ်း |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
ခလရ (၂၂၈) |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အမှတ်(၄)ရပ်ကွက် ညောင်ပင်ဈေး အ-မ-ကနှင့် သံတွဲမြို့ အ-ထ-က (၂)တို့တွင် သင်ယူခဲ့သည်။ ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် ပညာဆက်လက်ဆည်းပူးခဲ့ ရာ ဝိဇ္ဇာဘွဲ့(ပထဝီဝင်)နှင့် မဟာဝိဇ္ဇာဘွဲ့(ပထဝီဝင်) ရရှိခဲ့သည်။ ခမရ(၄၀၇)၌ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်အထိ တပ်ခွဲမှူးတာဝန်၊ ရတခ၌ ဗိုလ်ကြီးအဆင့် ဖြင့် စစ်ဦးစီးမှူး (တတိယတန်း) (ပြည်သူ့စစ်)တာဝန်များ ထမ်းဆောင်ခဲ့သည်။ ခလရ (၂၂၈)၌ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)အဆင့်ဖြင့် ဌာနချုပ် တပ်ခွဲမှူးတာဝန်များ ထမ်း ဆောင်လျက်ရှိသည်။ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်း သက်တံဆိပ်၊ ခြေလျင်တပ်စုမှူး သင်တန်းတံဆိပ်နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်း တံဆိပ်များ ချီးမြှင့်ခံရသည်။ |
