ဗိုလ်မှူး / ဗိုလ်ကြီး ဝင်းမင်းသန့် (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး / ဗိုလ်ကြီး ဝင်းမင်းသန့်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၃၁၄၂

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/ရစက (နိုင်) ၁၂၁၇၃၉

မွေးသက္ကရာဇ်/အသက်

၃၁-၁၀-၁၉၇၉ / (၃၂) နှစ်

မွေးဖွားရာဇာတိ

ရွာဘိုးရပ်၊ ရေစကြိုမြို့၊ မကွေးတိုင်းဒေသကြီး

ပညာအရည်အချင်း

မဟာသိပ္ပံဘွဲ့ (ရူပဗေဒ)၊ ရန်ကုန်တက္ကသိုလ်

လက်ရှိအလုပ်အကိုင်

တပ်ခွဲမှူး၊ အမှတ် (၅၃၈) ခြေမြန်တပ်ရင်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိုးမင်း၊ ၈/ရစက (နိုင်) ၀၆၃၇၈၆၊ ကုန်မာဆိုင်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းဌေးဝင်း (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

(၂၂၀/က)၊ အောင်မြေသာယာလမ်း၊ (၃) ရပ်ကွက်၊ ရေစကြိုမြို့၊ ၀၆၂-၃၀၂၄၀

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ-မ-က (၄) ရေစကြိုမြို့၊ အ-ထ-က (၁) ရေစကြိုမြို့နှင့် အ-ထ-က (၂) ပြင်ဦးလွင်မြို့တို့တွင် သင်ယူခဲ့သည်။ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၃) ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး မဟာသိပ္ပံ (ရူပဗေဒ) ရရှိခဲ့သည်။

မိုင်းခတ်မြို့ အမှတ် (၃၂၇) ခြေမြန်တပ်ရင်းတွင် တပ်စုမှူးအဖြစ် လည်းကောင်း၊ ဟိုပုံးမြို့ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံတွင် နည်းပြ (ဗိုလ်ကြီး) အဖြစ်လည်းကောင်း ထမ်းဆောင် ခဲ့သည်။ ရသေ့တောင်မြို့ အမှတ် (၅၃၈) ခြေမြန်တပ်ရင်းတွင် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) တာဝန်များ ထမ်းဆောင်လျက် ရှိသည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းသက် တံဆိပ်၊ ခြေလျင် တပ်စုမှူး၊ တပ်ခွဲမှူး သင်တန်း တံဆိပ်များ ရရှိခဲ့သည်။