|
အဆင့်၊ အမည် |
ဗိုလ်မှူး ကျော်ကျော်ထက် |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၂၄၁၃ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/လဝန(နိုင်) ၀၀၈၀၉၇ |
|
မွေးသက္ကရာဇ်/အသက် |
၂၅-၅-၁၉၇၆ /(၃၅)နှစ် |
|
မွေးဖွားရာဇာတိ |
ရမည်းသင်းမြို့ |
|
ပညာအရည်အချင်း |
အင်ဂျင်နီယာဘွဲ့ (စက်မှု) ၊မဟာအင်ဂျင်နီယာဘွဲ့(စက်မှု) ၊ ပါရဂူအင်ဂျင်နီယာဘွဲ့ (စက်မှု) |
|
လက်ရှိအလုပ်အကိုင် |
ယာဉ်ဌာနမှူး ၊ အထက်တန်းနည်းပြအရာရှိ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဇော်ဝင်း ၊ EB-၀၀၆၂၉၉ ၊ဌာနစုမန်နေဂျာ(ငြိမ်း) ၊ကုန်သွယ်လယ်ယာရုံးချုပ်၊ ရန်ကုန်မြို့။ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှလှမြင့် (ကွယ်လွန်) ၊ ဒေါ်နုနု (ကွယ်လွန်)(မွေးမိခင်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မနန်းနီစိမ်း ၊ ၁၂/ကထန(နိုင်)၀၆၃၁၃၂ ၊မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မောင်ရောင်နီထက် (၁နှစ် ၁၀လ) |
|
အမြဲတမ်းနေရပ်လိပ်စာ |
တိုက် (၁၂၇) ၊ အခန်း(၇) ၊ ပတ္တမြားလမ်းသွယ်၊ ရေနံသာလမ်း ၊ သုဝဏ္ဏ၊ရန်ကုန်မြို့၊ ၀၁-၅၆၅၅၄၄ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ( ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံ ပညာကို လယ်ဝေးမြို့ အ-လ-က မြွေရိုးကြီး ၊ အ-ထ-က(၁) လယ်ဝေးမြို့နှင့် အ-ထ-က(၁) သုဝဏ္ဏတို့တွင် ပညာသင်ကြားခဲ့သည်။ ပြင်ဦးလွင် ၊တပ်မတော် နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ပါရဂူ အင်ဂျင်နီယာ (စက်မှု) ဘွဲ့ရရှိခဲ့သည်။ ပလစ(၂) တွင် အလုပ်ရုံစုမှူး အဖြစ်လည်းကောင်း၊တပ်မတော် သကြား စက်တပ်ဆင်ရေး အရာရှိ အဖြစ်လည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့သည်။ ရန်ကုန်မြို့တွင် မဟာအင်ဂျင်နီယာ သင်တန်း၊ အလုပ်ရုံ ခွဲမှူး၊ တပ်ရေးဗိုလ်ကြီး ၊ မြောင်းတကာ သံမဏိစက်ရုံတံတား တည်ဆောက်ရေး အဖွဲ့ဝင်၊ ယာဥ်ဌာနမှူး အထက်တန်းနည်းပြ အရာရှိ အဖြစ် ၂၀၀၉ခုနှစ် ယခုအချိန်အထိ တလအ (၃)မိုင် ပြင်ဦးလွင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ |
