|
အမည် |
ဗိုလ်မှူး/ဗိုလ်ကြီး အောင်ကိုလတ် |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၃၂၁၂ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/လပတ(နိုင်) ၀၉၅၀၃၇ |
|
မွေးသက္ကရာဇ်/အသက် |
၄-၂-၁၉၇၉/(၃၂)နှစ် |
|
မွေးဖွားရာဇာတိ |
ဗောဓိကလေးလမ်း၊ ဘီးလင်းတန်းရပ်ကွက်၊ လက်ပံတန်းမြို့၊ ပဲခူးတိုင်း (အနောက်ခြမ်း) |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (သင်္ချာ) |
|
လက်ရှိအလုပ်အကိုင် |
ခလရ(၅၈)၊ ဝိုင်းမော်မြို့၊ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးသိန်းအောင်၊ ၇/လပတ(နိုင်) ၀၀၉၀၅၇ ၊ လယ် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စန်းရီ ၊ ၇/လပတ(နိုင်) ၀၀၉၀၅၁ ၊ ဈေးရောင်း |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဇာဇာစုမွန်သန်း ၊ ၁၄/ပသန(နိုင်)၁၇၀၀၃၈ ၊ လ/ထ မန်နေဂျာ၊ မြန်မာ့စီးပွားရေးဘဏ် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မောင်ကောင်းခန့်ကျော် ၊(၃) နှစ် |
|
အမြဲတမ်းနေရပ်လိပ်စာ |
ဗောဓိကလေးလမ်း၊ ဘီးလင်းတန်းရပ်ကွက်၊ လက်ပံတန်းမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို လက်ပံတန်းမြို့ အ.မ.က ဗောဓိကလေးကျောင်းနှင့် အ .ထ.က (၂) တို့၌ သင်ယူခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၌ ပညာဆည်းပူးခဲ့ပြီး သိပ္ပံဘွဲ့ (သင်္ချာ) ရရှိခဲ့သည်။ ခလရ(၂၉၅)တွင် ဒုတိယဗိုလ်အဆင့်ဖြင့် တပ်စုမှူးတာဝန်၊ ဗိုလ်အဆင့်ဖြင့်တပ်ခွဲမှူးတာဝန်၊ ဗိုလ်ကြီးအဆင့်ဖြင့် တပ်ခွဲမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ တမခ(၇၇)တွင် ဗိုလ်ကြီးအဆင့်ဖြင့် စစ်ဦးစီးမှူး(တ) တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။ ခလရ(၅၈)၌ ယနေ့အထိ ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) အဆင့်ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ရန်ကုန်မြို့၌ လုံခြုံရေးဆောင်ရွက်စဉ် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများကူညီဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတော်မှချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲ ဝင် တံဆိပ်၊စစ်မှုထမ်းသက်တံဆိပ်၊ ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်တို့ ရရှိခဲ့ သည်။ |
