ဗိုလ်မှူး / ဗိုလ်ကြီး စိုးသီဟ (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

.

အဆင့်၊ အမည်

ဗိုလ်မှူး / ဗိုလ်ကြီး စိုးသီဟ

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၃၁၈၀

လူမျိုး/ဘာသာ

ဗမာ/ ဗုဒ္ဓဘာသာ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ လမန(နိုင်) ၁၃၀၉၆၆

မွေးသက္ကရာဇ်/အသက်

၁-၁-၁၉၈၀/ (၃၁)နှစ်

မွေးဖွားရာဇာတိ

ကြည့်မြင်တိုင်မြို့နယ်

ပညာအရည်အချင်း

မဟာဝိဇ္ဇာဘွဲ့၊ မြန်မာစာ၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဥပဒေဒီပလိုမာ (ဥပဒေဌာန၊ ရန်ကုန်တက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

အမှတ်(၃၉) ခြေလျင်တပ်ရင်း၊ ဌာနချုပ်တပ်ခွဲမှူး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမောင်ရှိန်၊ ၁၂/ လသယ(နိုင်) ၀၀၄၆၈၉၊ ကုန်သည်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်အေး၊ ၁၂/ လသယ(နိုင်) ၀၀၄၆၉၀၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းစန်းတင်၊ ၁၂/ တတန(နိုင်) ၁၂၀၃၅၈၊ လက်ထောက် ညွှန်ကြားရေးမှူး၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မစုလာဘ်ရတနာ၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

တိုက် (၄၉)၊ အခန်း(၂၁)၊ ခရေအိမ်ရာ၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ရန်ကုန်မြို့ လှိုင်မြို့နယ် အ-လ-က (၇)နှင့် အ-ထ-က (၂)လှိုင်၌ သင်ယူခဲ့သည်။ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စတသ (၄၃)၌ သင်တန်းတက်ရောက်ခဲ့ သည်။ ဝိဇ္ဇာဘွဲ့(မြန်မာစာ) စစ်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (မြန်မာစာ) ရရှိခဲ့သည်။

၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အမှတ်(၂၇၂) ခြေလျင်တပ်ရင်း၌ တပ်ခွဲမှူးတာဝန်၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွင် ဦးစီး(တ) ရေး/ထောက် တာဝန်၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ရေးချုပ်ရုံးတွင် ဦးစီး(တ) ရေး-၃ တာဝန်များ အဆင့်ဆင့် ထမ်းဆောင် ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ယနေ့အထိ အမှတ်(၃၉) ခြေလျင်တပ်ရင်းတွင် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)အဆင့်ဖြင့် ဌာနချုပ်တပ်ခွဲမှူး တာဝန်ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ ခြေလျင်တပ်စုမှူး သင်တန်းတံဆိပ်နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းတံဆိပ်များ ရရှိခဲ့သည်။