ဗိုလ်မှူး / ဗိုလ်ကြီး ရန်နိုင်ဝင်း (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး / ဗိုလ်ကြီး ရန်နိုင်ဝင်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၁၈၇၁

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/လခန (နိုင်) ၀၂၂၈၀၈

မွေးသက္ကရာဇ်/အသက်

၁၅-၆-၁၉၇၇ / (၃၄) နှစ်

မွေးဖွားရာဇာတိ

သိန္နီမြို့၊ ရှမ်း/မြောက်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်း၊ ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး)၊ ခမရ (၄၃၆)၊ တောင်ဥက္ကလာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတင်ဝင်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်စမ်းဝင်း၊ ၁၃/လခန(နိုင်) ၀၀၃၆၄၆

အထက်တန်းသူနာပြု (ငြိမ်း)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဧပရယ်မေအောင်၊ ၁၂/ပဘတ (နိုင်) ၀၂၉၇၉၆၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်နိုင်သခင်၊ ၂ နှစ်

(၂) မောင်ပြည့်သခင်၊ ၃ ရက်

အမြဲတမ်းနေရပ်လိပ်စာ

၂၄၁/၁၅၁ ၇လွှာ (ညာ) အနော်ရထာလမ်းနှင့် ၂၉ လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ-မ-က (၁) သိန္ဒီမြို့၊ ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့ အ-ထ-က နှင့် ပေါင်းတည်မြို့၊ မှတ်တိုင်ရွာ အ-ထ-က တို့တွင် သင်ယူခဲ့သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်၌ ပညာ ဆက်လက် ဆည်းပူးခဲ့ပြီး ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ခမရ (၁၉) ၌ ဒုတိယဗိုလ်၊ ဗိုလ်အဆင့်ဖြင့်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိ ကနတ နေပြည်တော်၌ ဗိုလ်ကြီးအဆင့်ဖြင့်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ယနေ့အထိ ခမရ (၄၃၆) ၌ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) အဆင့်ဖြင့် ဆက်လက် တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည်။ မဟာဝိဇ္ဇာ သင်တန်း စာမေးပွဲ ကျရှုံး၍ စစ်မှုထမ်းသက် (၁) နှစ် လျှော့ချခံရသည်။

နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ ခြေလျင် တပ်ခွဲမှူး သင်တန်းတံဆိပ်တို့ ပေးအပ်ချီးမြှင့် ခံရသည်။