|
အဆင့်၊ အမည် |
ဗိုလ်မှူး / ဗိုလ်ကြီး ရန်ကြီးအောင် |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၃၁၃၅ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/ဆလက (နိုင်) ၀၄၀၁၁၂ |
|
မွေးသက္ကရာဇ်/အသက် |
၁၄-၂-၁၉၇၉ / (၃၁) နှစ် |
|
မွေးဖွားရာဇာတိ |
ဘော်တွင်း သတ္တုတွင်း၊ နမ္မတူမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း |
|
ပညာအရည်အချင်း |
မဟာသိပ္ပံဘွဲ့ (ဓာတုဗေဒ)၊ စစ်တက္ကသိုလ် |
|
လက်ရှိအလုပ်အကိုင် |
ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)၊ အမှတ် (၃၄၄) ခြေမြန်တပ်ရင်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကိုကိုကြီး၊ ၁၃/နမတ (နိုင်) ၀၁၀၅၉၃၊ လ/ထ သတ္တုတွင်း အင်ဂျင်နီယာ (ငြိမ်း)၊ အမှတ် (၁) ကြေးနီ သတ္တုတွင်း |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်တင်သောင်း၊ ၁၃/နမတ (နိုင်) ၀၁၀၅၉၄၊ ငွေစာရင်း၊ စာရေး (၃) (ငြိမ်း)၊ အမှတ် (၁) ကြေးနီသတ္တုတွင်း |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သန္တာထွန်း၊ ၁၂/ဗဟန (နိုင်) ၀၀၄၀၂၃၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မောင်ဇွဲထက်ကျော် (၂) နှစ် |
|
အမြဲတမ်းနေရပ်လိပ်စာ |
တိုက် (၄)၊ အခန်း (၁၀၂)၊ အင်ကြင်းမြိုင်အိမ်ရာ၊ ငါးထပ်ကြီး ဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ-လ-က ဘော်တွင်း သတ္တုတွင်းနှင့် အ-ထ-က ကြေးနီသတ္တုတွင်းတို့တွင် သင်ယူခဲ့သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ (ဓာတုဗေဒ) နှင့် မဟာသိပ္ပံဘွဲ့ (ဓာတုဗေဒ) ရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ခ-မ-ရ (၇၀၂) တွင် ဒုဗိုလ် အဖြစ် လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ပြည်သူ့စစ်ဌာနတွင် ဦးစီးအရာရှိ (တတိယတန်း) အဖြစ်လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ စစ်တက္ကသိုလ် ဓာတုဗေဒဌာနတွင် လက်ထောက် ကထိက (ဗိုလ်ကြီး) အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ယနေ့အထိ အမှတ် (၃၄၄) ခြေမြန်တပ်ရင်း၊ စစ်တွေမြို့တွင် ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး) အဆင့်ဖြင့်လည်းကောင်း တာဝန် ထမ်းဆောင်လျက် ရှိသည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ စစ်မှုထမ်း တံဆိပ်၊ ခြေလျင် တပ်စုမှူး သင်တန်း တံဆိပ်နှင့် ခြေလျင် တပ်ခွဲမှူး သင်တန်း တံဆိပ်များ ရရှိခဲ့သည်။ |
