|
အဆင့်၊ အမည် |
ဗိုလ်မှူး/ဗိုလ်ကြီး စိန်မြင့် |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၃၂၃၁ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၀/မလမ(နိုင်)၁၃၄၄၅၈ |
|
မွေးသက္ကရာဇ်/အသက် |
၃၀-၆-၁၉၈၀/(၃၁)နှစ် |
|
မွေးဖွားရာဇာတိ |
မော်လမြိုင်မြို့၊ မွန်ပြည်နယ် |
|
ပညာအရည်အချင်း |
ကွန်ပျူတာသိပ္ပံဘွဲ့ (စတသ)၊ မဟာကွန်ပျုတာသိပ္ပံဘွဲ့ (ရုရှား) |
|
လက်ရှိအလုပ်အကိုင် |
ဌာနချုပ် တပ်ခွဲမှူး၊ ခမရ(၅၉၈) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအောင်တင့်၊ ကွယ်လွန် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သိန်းဖြူ၊ ၁၀/မလမ (နိုင်)၀၆၂၆၇၂ |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
၃/အေ၄၊ ရတနာသီရိရပ်၊ အောက်ကျင်းနယ်မြေ၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်၊ မွန်ပြည်နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
မော်လမြိုင်မြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ အီလက်ထရောနစ်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး စစ်တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ရုရှားနိုင်ငံမှ မဟာကွန်ပျူတာသိပ္ပံဘွဲ့ရရှိခဲ့သည်။ ခမရ (၃၈၆)တွင် တပ်စုမှူးနှင့် တပ်ခွဲမှူး တာဝန်၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၊ ကွန်ပျူတာနည်းပညာဌာနတွင် လ/ထ ကထိက (ဗိုလ်ကြီး) တာဝန်ထမ်းဆောင်ခဲ့ပြီး ခမရ (၅၉၈)တွင် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) တာဝန်တို့ကို ထမ်းဆောင်လျက်ရှိသည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းသက်(၁၅)နှစ်တံဆိပ်၊ ခြေလျင်တပ်စုမှူး သင်တန်းတံဆိပ်နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်များ ရရှိခဲ့သည်။ |
