ဗိုလ်မှူး / ဗိုလ်ကြီး တင်ကိုလင်း(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး / ဗိုလ်ကြီး တင်ကိုလင်း

အခြားအမည်

ဒီဇင်ဘာ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၃၀၆၃

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/မသန (နိုင်) ၀၆၆၁၂၂

မွေးသက္ကရာဇ်/အသက်

၁-၆-၁၉၈၀ / (၃၁) နှစ်

မွေးဖွားရာဇာတိ

ဒန့်သလွန်ပင် ကျေးရွာ၊ မြို့သစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး

ပညာအရည်အချင်း

မဟာဝိဇ္ဇာဘွဲ့ (ပထမဝီဝင်)၊ (ပြည်တွင်း)

လက်ရှိအလုပ်အကိုင်

အမှတ် (၁) တပ်ခွဲ၊ တပ်ခွဲမှူး၊ အမှတ် (၂၁) ခြေလျင်တပ်ရင်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်မြင့်၊ ၈/မသန(နိုင်) ၀၂၉၀၃၃၊ မူလတန်းကျောင်းအုပ် (ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ရီဉာဏ်၊ ၈/မသန(နိုင်) ၀၂၉၀၃၄၊ ကျန်းမာရေးဆရာမ (ငြိမ်း)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အိအိဖြူ၊ ၈/တတက (နိုင်) ၀၉၈၉၈၇၊ အကြီးတန်းစာရေး (ရိုးမဘဏ်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၆၄၅)၊ ရွှေအိုး (၁) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ တောင်တွင်းကြီးမြို့၊ မကွေးတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဒန့်သလွန်ပင် ကျေးရွာ အ-လ-က၊ အ-လ-က (၁) နှင့် အ-ထ-က (၂) တောင်တွင်းကြီးမြို့တွင် ပညာသင်ယူခဲ့သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဝိဇ္ဇာဘွဲ့ (ပထဝီဝင်)၊ မဟာ ဝိဇ္ဇာဘွဲ့ (ပထဝီဝင်) ရရှိခဲ့သည်။

ခမရ (၃၁၃) တွင် တပ်စုမှူး၊ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိ၊ တပ်ခွဲမှူးအဖြစ် လည်းကောင်း၊ စကခ (၁၇) တွင် ဦးစီးအရာရှိ တတိယတန်း (စစ်ထောက်) နှင့် ခလရ (၂၁) တွင် ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး) တာဝန်များ ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ ခြေလျင် တပ်စုမှူး၊ တပ်ခွဲမှူး သင်တန်း တံဆိပ်များ ရရှိခဲ့သည်။