ဗိုလ်မှူး / ဗိုလ်ကြီး အောင်အောင် (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး / ဗိုလ်ကြီး အောင်အောင်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၃၀၇၉

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ထခန(နိုင်) ၀၄၆၈၇၂

မွေးသက္ကရာဇ်/အသက်

၁၇-၄-၁၉၇၉ / (၃၂) နှစ်

မွေးဖွားရာဇာတိ

နွားထိုးကြီးမြို့၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီး

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (ကွန်ပျူတာ)၊ မဟာအင်ဂျင်နီယာဘွဲ့ (သတင်း အချက်အလက်နှင့် ကွန်ပျူတာ နည်းပညာ)၊ ရုရှား

လက်ရှိအလုပ်အကိုင်

ဌာနချုပ် တပ်ခွဲမှူး၊ ခလရ (၂၄)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးငွေလွင်၊ ၅/ထခန(နိုင်) ၀၂၅၆၅၆၊ ဦးစီးအရာရှိ (သ/မ ဝါယမ အသင်း)၊ နွားထိုးကြီးမြို့

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်မြင့်၊ ၅/ထခန(နိုင်) ၀၂၅၆၅၀၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မဝင်းပပထွန်း၊ ၁၂/ဥကမ (နိုင်) ၁၅၆၂၈၇၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်မိုးထက်အောင် (၂ နှစ် ၅ လ)

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၈) ရပ်ကွက်၊ နွားထိုးကြီးမြို့၊ မန္တလေး တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ-ထ-က နွားထိုးကြီးနှင့် ထီးချိုင့်မြို့တို့တွင် သင်ယူခဲ့သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ (ကွန်ပျူတာ) နှင့် ရုရှားမှ မဟာအင်ဂျင်နီယာဘွဲ့ (သတင်း အချက်အလက်နှင့် ကွန်ပျူတာ နည်းပညာ) ရရှိခဲ့သည်။

မိုင်းတုံမြို့ ခ-လ-ရ(၆၅)တွင် တပ်မှူးအဖြစ်လည်းကောင်း၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် တွင် ကွန်ပျူတာနည်းပြနှင့် ကလောမြို့ စစ်ဦးစီးတက္ကသိုလ်တွင် ကွန်ပျူတာနည်းပြ အဖြစ်လည်းကောင်း၊ သထုံမြို့ ခ-လ-ရ(၂၄)တွင် ဌာနချုပ်တပ်ခွဲမှူး တာဝန်များကို လည်းကောင်း ထမ်းဆောင်ခဲ့သည်။