|
အဆင့်၊အမည် |
ဗိုလ်မှူး/ဗိုလ်ကြီး ကျော်မျိုးထွန်း |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၃၃၇၆ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/ကလဆ (နိုင်)၁၂၈၁၇၁ |
|
မွေးသက္ကရာဇ်/အသက် |
၂၄-၁-၁၉၇၉/ (၃၃) နှစ် |
|
မွေးဖွားရာဇာတိ |
ချင်းဆိုင်ရွာ၊ ကလေးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (ဓာတုဗေဒ) ၊စစ်တက္ကသိုလ် |
|
လက်ရှိအလုပ်အကိုင် |
ဌာနချုပ်တပ်ခွဲမှူး၊ ခလရ (၂၂) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမောင်သန်း (ခ) ဦးအောင်သန်း၊ ၅/ကလဆ (နိုင်) ၀၀၄၂၃၅၊ ကုန်သည် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စိန်ရီ၊၅/ကလဆ(နိုင်)၀၀၄၂၃၅ |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၈၀/၈)၊ အောင်မြေမာန်ရပ်ကွက်၊ ရွှေတောင်ကြားလမ်း၊ ကလေးမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ချင်းဆိုင်ရွာ အ.မ.က ၊ကလေးမြို့၊ အ.မ.က (၃)နှင့် အ.ထ.က (၁) တို့တွင် သင်ယူခဲ့သည်။ ပြင်ဦးလွင်စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၄၃) တွင် ပညာဆက်လက်ဆည်းပူးခဲ့ပြီး သိပ္ပံဘွဲ့ (ဓာတုဗေဒ) ရရှိခဲ့သည်။ ခမရ(၅၃၀)၌ တပ်စုမှူးတာဝန်၊ ခမရ (၃၀၄) ၌ တပ်ခွဲမှူးတာဝန်၊ ဒကစ (စစ်တွေ) ၌ စစ်ဦးစီးမှူး(တ) ဦး (၂/၃) တာဝန်၊ စကခ(၃) စကမှူး၏ ဦးစီးအရာရှိတာဝန်များထမ်းဆောင်ခဲ့သည်။ ခလရ (၂၂)တွင်ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) အဆင့်ဖြင့် ဌာနချုပ်တပ်ခွဲမှူး တာဝန်ထမ်းဆောင်လျက်ရှိသည်။ |
