ဗိုလ်မှူး / ဗိုလ်ကြီး ဇော်အေးထွန်း (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး / ဗိုလ်ကြီး ဇော်အေးထွန်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၃၁၂၉

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/အရတ (နိုင်) ၀၆၅၃၂၁

မွေးသက္ကရာဇ်/အသက်

၁၀-၇-၁၉၇၉/ (၃၁) နှစ်

မွေးဖွားရာဇာတိ

သမုန်းကုန်းရွာ၊ အရာတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

ပညာအရည်အချင်း

မဟာဝိဇ္ဇာဘွဲ့ (မြန်မာစာ) (ရန်ကုန်တက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

ဌာနချုပ် တပ်ခွဲမှူး၊ ခမရ (၃၀၂)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှတိုး၊ မူလတန်းကျောင်းအုပ် (ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှဌေး (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

ဇောတိက (၆) လမ်း၊ ရန်ကင်းအောင် ဇေယျရပ်ကွက်၊ မုံရွာမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ-မ-က သဖုန်းကုန်းရွာ၊ အ-လ-က ဝါးတန်းရွာ နှင့် အ-ထ-က (၁) မုံရွာမြို့တို့တွင် ပညာသင်ယူခဲ့သည်။ ပြင်ဦးလွင်မြို့တွင် စတသ (၄၃)၊ ဗထူးမြို့တွင် ခြေလျင် တပ်စုမှူး၊ တပ်ခွဲမှူး သင်တန်းနှင့် ရန်ကုန်တက္ကသိုလ်တို့ကို တက်ရောက်ခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ (မြန်မာစာ) ရရှိခဲ့သည်။

ခ-လ-ရ (၁၃) တွင် ဒုတိယဗိုလ်မှ ဗိုလ်အဆင့်အထိ တပ်စုမှူး နှင့် တပ်ခွဲမှူးအဖြစ် လည်းကောင်း၊ တ-မ-ခ (၁၀၁) တွင် ဗိုလ်ကြီး စစ်ဦးစီး (တ) (စဆရ/စရဖ) တာဝန်များကိုလည်းကောင်း ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်များ ရရှိခဲ့သည်။