|
အဆင့်၊ အမည် |
ဗိုလ်မှူး/ဗိုလ်ကြီး အောင်ကျော်စိုး |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၃၃၂၆ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/မရတ(နိုင်)၁၁၃၃၉၄ |
|
မွေးသက္ကရာဇ်/အသက် |
၄-၁၁-၁၉၈၀/(၃၁) နှစ် |
|
မွေးဖွားရာဇာတိ |
အောင်ချမ်းအေးရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ)၊ စစ်တက္ကသိုလ်၊ မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ)၊ ရန်ကုန်တက္ကသိုလ် |
|
လက်ရှိအလုပ်အကိုင် |
ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)၊ ခမရ (၃၅၉) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးခင်မောင်သန်း၊ အမ်တီအေ-၁၆၉၂၃၆၊ ကုန်သည် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်တုတ်၊ ကွယ်လွန် |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်စံပယ်အေး၊၁၂/မရက (နိုင်)၀၀၄၀၀၂၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
၂လမ်းx၃လမ်းကြား၊ ပြည်သာယာမြို့သစ်၊ မိတ္ထီလာ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို မန္တလေးမြို့ အ.မ.က (၅)နှင့် အ .ထ.က (၃) တို့တွင် သင်ယူခဲ့သည်။ ပြင်ဦးလွင်စစ်တက္ကသိုလ်နှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပညာဆက်လက်ဆည်းပူးခဲ့သည်။ ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ) စစ်တက္ကသိုလ်နှင့် မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ) ရန်ကုန်တက္ကသိုလ်တို့ ရရှိခဲ့သည်။ ခလရ(၂၆)၌ ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိလည်းကောင်း၊ ပြင်ဦးလွင်မြို့စစ်တက္ကသိုလ်၌ ဗိုလ်ကြီး (လ/ထ ကထိက) တာဝန်ကို လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၌ ဗိုလ်ကြီး(လေ့ကျင့်ရေးတပ်ရေး) တာဝန်ကို လည်းကောင်းထမ်းဆောင်ခဲ့သည်။ ၂၀၁၀ပြည့်နှစ်မှ ယနေ့ အထိ ခမရ (၃၅၉)၌ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) တာဝန် ထမ်းဆောင် လျက်ရှိသည်။ ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူး ဆောင် လက်မှတ် ချီးမြှင့်ခံရသည်။ |
