ဗိုလ်မှူး/ဗိုလ်ကြီး စိုးသူရ(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊အမည်

ဗိုလ်မှူး/ဗိုလ်ကြီး စိုးသူရ

အခြားအမည်

စိုးသူ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၃၃၁၃

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ကပန(နိုင်)၁၂၃၈၄၁

မွေးသက္ကရာဇ်/အသက်

၂၀-၇-၁၉၇၉/(၃၂) နှစ်

မွေးဖွားရာဇာတိ

ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီး

ပညာအရည်အချင်း

မဟာသိပ္ပံဘွဲ့ (အင်ဂျင်နီယာသင်္ချာ) ၊ ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာဒီပလိုမာဘွဲ့(ရန်ကုန်တက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

ဌာနချုပ်တပ်ခွဲမှူး၊ အမှတ် (၅၁) ခြေလျင်တပ်ရင်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထိုက်လွင်၊ ၁၄/ဟသတ(နိုင်)၀၁၆၅၄၅၊ ကျောင်းဆရာ(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်သန်း(ခ) နှင်းရီ၊ ၁၄/ဟသတ(နိုင်) ၀၂၇၃၉၄၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သော်သော်ဟံသာ (ခ) ပြုံးဝေကျော်၊ ၁၀/စတန(နိုင်) ၀၁၉၈၁၅၊ လ/ထ မန်နေဂျာမြဝတီဘဏ် (ပျဉ်းမနား)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှုမဝစိုး၊ (၅) လ

အမြဲတမ်းနေရပ်လိပ်စာ

နန်းဩကျေးရွာ၊ ရန်ကုန်-မန္တလေး ကားလမ်းဘေး၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်၊ 0949281524,0949201231,095006665

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို သုံးပင်ကွင်း (တောင်) မူလတန်းကျောင်း၊ အ.ထ.က (၄) နှင့် ကျုံပျော်မြို့နယ်ရှိ အ.ထ.က (အထောင်) တို့တွင် သင်ကြားခဲ့သည်။ ပြင်ဦးလွင်စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (အင်ဂျင်နီယာသင်္ချာ) နှင့်ကွန်ပျူတာဒီပလိုမာဘွဲ့တို့ကို ရရှိခဲ့ သည်။

ခမရ (၃၄၅) တွင် တပ်စုမှူးတာဝန်၊ စစ်ဘက်လုံခြုံရေးအရာရှိတာဝန် နှင့် တပ်ခွဲမှူး တာဝန်၊ တကန တွင် ဗိုလ်ကြီးအဆင့်ဖြင့် နည်းပြတာဝန်၊ နေပြည် တော် ကက (ကြည်း) တာဝန်ဌာနခွဲတွင် စစ်ဦးစီးမှူး (တတိယတန်း) တာဝန်ထမ်းဆောင်ခဲ့ပြီး ခလရ (၅၁)တွင်ဌာနချုပ် တပ်ခွဲမှူးတာဝန်များ ကိုထမ်းဆောင် လျက်ရှိသည်။

ကြက်ခြေနီတပ်ဖွဲ့ ဝင်တစ်ဦးဖြစ်သည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့ စစ်တိုက်ပွဲ ဝင်တံဆိပ်၊ စစ်မှုထမ်းသက်တံဆိပ် (၁၅) နှစ်၊ ခြေလျင်တပ်စုမှူးသင်တန်း တံဆိပ်နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်းတံဆိပ်များ ရရှိခဲ့ သည်။