ဗိုလ်မှူး/ဗိုလ်ကြီး နိုင်းခိုင်(တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အဆင့်၊အမည်

ဗိုလ်မှူး/ဗိုလ်ကြီး နိုင်းခိုင်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၃၂၅၃

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/ခမစ(နိုင်)၀၀၃၆၆၁

မွေးသက္ကရာဇ်/အသက်

၁၇-၅-၁၉၈၀/(၃၁)နှစ်

မွေးဖွားရာဇာတိ

မြင်းခြံမြို့၊ မန္တလေးတိုင်းဒေသကြီး

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့ (မြန်မာစာ)စစ်တက္ကသိုလ်၊ မဟာဝိဇ္ဇာဘွဲ့ (မြန်မာစာ) ၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဥပဒေဒီပလိုမာ (ရန်ကုန်တက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

အမှတ် (၈၆) ခြေလျင်တပ်ရင်း၊ ဌာနချုပ်တပ်ခွဲမှူး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတင်အောင်ခိုင်၊ ကွယ်လွန်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းသန်း၊ ၉/စကန (နိုင်)၀၀၃၃၁၄၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်ဇာလွင်၊ ၁၂/အလန(နိုင်) ၀၃၅၆၂၈၊ (မြဝတီဘဏ်ရုံးချုပ်)၊ ရန်ကုန်မြို့

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

စ၅/၄၆ ၆၆x ၆၇ ကြား၊ ခိုင်ရွှေဝါလမ်း၊ အမှတ် (၂) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၁၉၈၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ အ.မ.က စဉ့်ကူးမြို့၊ အမရပူရမြို့တွင် လည်းကောင်း၊ အ.ထ.က (၁၅)နှင့် အ.ထ.က (၂၆) မန္တလေးမြို့တို့တွင်လည်းကောင်း သင်ယူခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် မြင်းခြံမြို့၌ ဒသမတန်းကို အပြင်ဖြေဖြင့် အောင်မြင်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်တွင် တက်ရောက်ခဲ့သည်။ ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ၌ ဝိဇ္ဇာဘွဲ့(မြန်မာစာ) စစ်တက္ကသိုလ်၊ မဟာဝိဇ္ဇာဘွဲ့(မြန်မာစာ)၊ နိုင်ငံတကာဥပဒေဒီပလိုမာ(ရန်ကုန်တက္ကသိုလ်) ဘွဲ့များရရှိခဲ့သည်။

ယခု အမှတ် (၈၆) ခြေလျင်တပ်ရင်းတွင် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) အဆင့်ဖြင့် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ခြေလျင်တပ်စု မှူး သင်တန်းတံဆိပ်နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်များ ရရှိခဲ့ သည်။