|
အဆင့်၊ အမည် |
ဗိုလ်မှူး/ဗိုလ်ကြီး ကျော်ကျော်ဦး |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၄၀၂၅ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/ပတန(နိုင်)၀၈၇၄၀၇ |
|
မွေးသက္ကရာဇ်/အသက် |
၈-၃-၁၉၈၀/(၃၁) နှစ် |
|
မွေးဖွားရာဇာတိ |
ကစလ(၅)၊ ဥသျှစ်ပင်ကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း |
|
ပညာအရည်အချင်း |
ဝိဇ္ဇာဘွဲ့ (သမိုင်း) |
|
လက်ရှိအလုပ်အကိုင် |
ဌာနချုပ်တပ်ခွဲမှူး၊ ခလရ (၂၆၀) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစိန်ကြိုင်၊ ၇/ပတန(နိုင်)၀၀၄၆၅၄၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန(ငြိမ်း) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သန်းသန်းမြင့်၊ ၇/ပတန(နိုင်)၀၀၄၈၇၂၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန(ငြိမ်း) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၁၁၉၀)၊ ဗညားနွဲ့လမ်း ၊ (၃၈)ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျှစ်ပင် ကျေးရွာရှိ ကစလ(၅) အ.မ.က၊ ကပစ(၆)တွဲဖက် အ.ထ.က နှင့် ရန်ကုန် တိုင်းဒေသကြီး၊ မရန်းကုန်းမြို့နယ်ရှိ အ.ထ.က(၅) တို့တွင် သင်ကြား ခဲ့သည်။ ခမရ(၂၁၆)တွင် အလုပ်သင်ဗိုလ်အဆင့်၊ ခမရ(၃၈၄)တွင် ဒုတိယဗိုလ်မှ ဗိုလ်ကြီးအဆင့်တာဝန်၊ စကခ(၅)တွင် ဗိုလ်ကြီးအဆင့်ဖြင့် စစ်ဦးစီးမှူး (တတိယတန်း)တာဝန်၊ ခလရ(၂၆၀)တွင် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) အဆင့်ဖြင့် ဌာနချုပ်တပ်ခွဲမှူးတာဝန်တို့ကို ထမ်းဆောင် ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းသက်တံဆိပ်၊ ခြေလျင်တပ်စုမှူး သင်တန်း တံဆိပ်နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်များ ရရှိခဲ့ သည်။ |
