ဗိုလ်ကြီး ကိုကိုနိုင်(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်ကြီး ကိုကိုနိုင်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၀၇၁၉

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/အစန(နိုင်)၁၁၆၈၈၅

မွေးသက္ကရာဇ်/အသက်

၅-၁-၁၉၆၈/(၄၃) နှစ်

မွေးဖွားရာဇာတိ

ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (သတ္တဗေဒ)

လက်ရှိအလုပ်အကိုင်

အမှတ်(၄) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ သံဖြူဇရပ်မြို့

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိန်အေး၊ ၃/ဘအန(နိုင်) ၀၇၀၂၉၄၊ စစ်မှုထမ်း(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြင်မြင့်၊ ၃/တတန(နိုင်) ၁၃၈၉၇၇၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြင့်မြင့်မော်၊ ၁၄/ ပသန(နိုင်) ၀၄၁၂၀၀၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်ပြည့်စုံဖြိုး၊ ၁၀/သဖရ(နိုင်)၁၅၅၁၉၇၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၈၁)၊ နတ်သျှင်နောင်လမ်း၊ အမှတ်(၁၆)ရပ်ကွက်၊ ရွှေပေါက်ကံမြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.ထ.က (၃) ပဲခူးမြို့တွင် ပညာသင်ယူခဲ့သည်။ ပဲခူးကောလိပ်၊ လုပ်သားများကောလိပ်(ရန်ကုန်)နှင့် ပုသိမ်ဒီဂရီကောလိပ် တို့တွင် ဆက်လက်ပညာသင်ကြားခဲ့ပြီး သိပ္ပံဘွဲ့(သတ္တဗေဒ)ကို ရရှိခဲ့ သည်။

တပရ(၄၂၄)တွင် တပ်ကြပ် (ပစ္စည်းထိန်း)အဖြစ်လည်းကောင်း၊ ပင်လောင်းမြို့ ခလရ(၂၄၉) တွင် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိ၊တပ်ရေး ဗိုလ်ကြီးနှင့် တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ ရွှေဒူးမြိတ်မြို့ ခမရ(၄၃၃) တွင် တပ်ခွဲမှူးနှင့် တပ်ရေးဗိုလ်ကြီးအဖြစ် လည်းကောင်း၊ တာဝန်များ ထမ်းဆောင်ခဲ့သည်။ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် နည်းပြအရာရှိ တာဝန်ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်များ၊ မိုင်းယန်း/ မဲသဝေါတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ ခြေလျင်တပ်စုမှူးသင်တန်း တံဆိပ်နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်များ ရရှိခဲ့သည်။