ဗိုလ်မှူး/ဗိုလ်ကြီး ကျော်စိုးမင်း(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊အမည်

ဗိုလ်မှူး/ဗိုလ်ကြီး ကျော်စိုးမင်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၁၅၉၄

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/ကတခ(နိုင်)၀၇၃၂၀၉

မွေးသက္ကရာဇ်/အသက်

၁၈-၄-၁၉၉၇/(၃၃)နှစ်

မွေးဖွားရာဇာတိ

ကျောက်တံခါးမြို့နယ်၊ ပဲခူးတိုင်း

ပညာအရည်အချင်း

သိပ္ပံဘွဲ့(ဓာတုဗေဒ)၊ မဟာသိပ္ပံဘွဲ့(ဓာတုဗေဒ)

လက်ရှိအလုပ်အကိုင်

ဌာနချုပ် တပ်ခွဲမှူး၊ အမှတ်(၄၁၁) ခြေမြန်တပ်ရင်း၊ နေပြည်တော်တိုင်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသိန်းဝင်း၊ ၇/ကတခ(နိုင်) ၀၇၁၈၁၄)၊လက်သမား

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်မြိုင်(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

ခေတ္တရာ(၃)လမ်း၊ စာတိုက်ရပ်ကွက်၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးတိုင်း

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ကျောက်တံခါးမြို့ရှိ အခြေခံ ပညာမူလတန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ ပြင်ဦးလွင်စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့(ဓာတုဗေဒ) နှင့် မဟာသိပ္ပံဘွဲ့(ဓာတုဗေဒ) တို့ကို့ရရှိခဲ့သည်။

ခမရ (၂၁၃) တွင် ဒုတိယဗိုလ်အဆင့်ဖြင့် တပ်စုမှူးတာဝန်၊ ဗိုလ်အဆင့်ဖြင့် တပ်ခွဲမှူးတာဝန်၊ ဗိုလ်ကြီးအဆင့်ဖြင့် တပ်ရေးဗိုလ်ကြီး/ တပ်တောက်ဗိုလ်ကြီးတာဝန်၊ စကခ-၁၄ တွင် ဗိုလ်ကြီးအဆင့်ဖြင့် စစ်ဦးစီးမှူး(တ) (စဆရ/စရဖ) တာဝန်နှင့် ခမရ (၄၁၁)တွင် ယာယီတပ်ခွဲမှူး(ဗိုလ်မှူး) အဆင့်ဖြင့် ဌာနချုပ် တပ်ခွဲမှူးတာဝန်တို့ကို့ ထမ်းဆောင်ခဲ့သည်။

တပ်မမှူး၏ သတိပေးဆုံးမခြင်းခံရသည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်ပွဲတံဆိပ်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်တို့ကို ရရှိခဲ့သည်။