ဗိုလ်မှူး ခင်စိုး (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး ခင်စိုး

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ရေ ၃၆၃၇

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ဖပန(နိုင်) ၀၀၄၅၂၅

မွေးသက္ကရာဇ်/အသက်

၁၂-၈-၁၉၆၈/(၄၃) နှစ်

မွေးဖွားရာဇာတိ

ဖျာပုံမြို့၊ ဧရာဝတီတိုင်း

ပညာအရည်အချင်း

သိပ္ပံဘွဲ့(ရူပဗေဒ)

လက်ရှိအလုပ်အကိုင်

ဦးစီးအရာရှိ (ဒု)၊ စစ်ထောက်၊ပမ္မဝတီရေတပ်စခန်းဌာနချုပ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတင့်၊ ၁၄/ဖပန(နိုင်) ၀၀၄၄၇၀၊ ဝါးဓနိရောင်းဝယ်ရေး

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်သန်း၊ ၁၄/ဖပန(နိုင်) ၀၀၅၆၉၄၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဇင်မာအောင်၊ ၁၂/မရက(နိုင်) ၀၀၄၁၈၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်ဘုန်းမြတ်ဖြိုး၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

၁၉၄/က၊ ၉ မိုင်၊ ပြည်လမ်း၊ မရမ်းကုန်း၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ဖျာပုံမြို့ရှိ အ.မ.က(အပြောင်ကျေးရွာ) နှင့် အ.ထ.က (၁)တို့တွင် သင်ကြားခဲ့သည်။ ပုသိမ်ဒီဂရီကောလိပ်နှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ရူပဗေဒ အဓိကဖြင့် တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ ရရှိခဲ့ သည်။

၁၉၉၂ မှ ၁၉၉၃ ခုနှစ်အထိ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈၅)၊ ၁၉၉၃ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ စီမံခန့်ခွဲရေးအရာရှိငယ်တန်း အမှတ်စဉ် (၂/၉၃)၊ ၁၉၉၄ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ (ရန်ကုန်) ဗျူဟာစစ်ရေယာဉ်စု၊ ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ မောရဝတီ ရေတပ်စခန်းဌာနချုပ်၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိတပ်မတော် စစ်ဆေးရေး အရာရှိချုပ်ရုံး (ကာကွယ်ရေးဝန်ကြီးဌာန)၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ သီလဝါရေတပ် သင်္ဘောကျင်းဌာနချုပ်နှင့် ၂၀၀၈ ခုနှစ်မှ ယနေ့အထိ ဟိုင်းကြီးကျွန်း ပမ္မဝတီရေတပ်စခန်း ဌာနချုပ်တို့တွင်တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းသက်တံဆိပ်နှင့် ရန်ငြိမ်းအေးတံဆိပ်များ ရရှိခဲ့သည်။