|
အမည် |
ဗိုလ်မှူးဝင်းအောင် |
|
အခြားအမည် |
မရှိပါ |
|
ပြန်တမ်းဝင်အမှတ် |
ကြည်း ၃၀၈၅၉ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/ပခန(နိုင်) ၀၇၂၈၃၈ |
|
မွေးသက္ကရာဇ်/အသက် |
၂၇-၇-၁၉၇၁/(၃၉)နှစ် |
|
မွေးဖွားရာဇာတိ |
ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
ဆေးပညာဘွဲ့ ၊ဆေးပညာမဟာသိပ္ပံဘွဲ့ (ဆေးပညာ)၊ တော်ဝင်သမားတော် (အပိုင်း-ခ) (UK) |
|
လက်ရှိအလုပ်အကိုင် |
ဆေးကုသမှုပါရဂူ ၊ အသည်းရောဂါဌာန ၊ တပ်မတော်အသည်းရောဂါဆေးရုံ ၊ မင်္ဂလာဒုံ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအောင်ကျော်သန်း ၊ဌာနခွဲမှူး (ငြိမ်း) ၊တိုင်း စက်မှုလက်မှု ဦးစီးဌာန၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးမြင့် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဖြူသီတာခင် ၊၁၂/ဥကတ(နိုင်)၁၄၄၂၀၄ ၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁)မောင်အောင်ဘုန်းမြင့် ၊ကျောင်းသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၄၆၅) ၊သစ္စာလမ်း ၊တောင်ဥက္ကလာ (၃) ရပ်ကွက် ၊ရန်ကုန်တိုင်း |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ပဲခူးမြို့ အ-မ-က (၅) နှင့် အ-ထ-က (၁) တို့တွင် သင်ယူခဲ့သည်။မန္တလေးဆေးတက္ကသိုလ်၌ ပထမနှစ်မှ တတိယနှစ်အထိလည်းကောင်း ၊ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် ဘွဲ့ရသည် အထိလည်းကောင်း ပညာဆည်းပူးခဲ့သည်။တပ်မတော်ဆေးတက္ကသိုလ်၌ ဆေးပညာမဟာသိပ္ပံတန်း တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၁၉၉၉ခုနှစ်အထိ အလုပ်သင်ဆရာဝန် အဖြစ် လုပ်ကိုင်ခဲ့ သည်။၁၉၉၉ ခုနှစ်တွင် တပ်မတော် ပြန်တမ်းဝင် အရာရှိအဖြစ် မဆရ(၁၀)တွင် ဆေးမှူး၊ ကယားပြည်နယ် မော်ချီးပြည် ငြိမ်းအေး စစ်ဆင်ရေးတွင် ဗျူဟာ ဆေးမှူး၊ ခလရတွင်(၂၉၇)တွင် တပ်နယ်ဆေးမှူး တဆရ(၁/၃၀၀) တွင် ဆေးမှူး၊ တဆရ (၂/၁၀၀၀)နှင့် တပ်မတော် အသည်းရောဂါကု ဆေးရုံတွင် ဆေးကုသမှုပါရဂူ တာဝန် ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်စစ်မှုထမ်းတံဆိပ် နှင့် ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်များ ပေးအပ်ချီးမြှင့်ခံခဲ့ရသည်။ |
