ဦးအံ့ကြီး(သနပ်ပင်မဲဆန္ဒနယ်)

အမည်

ဦးအံ့ကြီး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/သနပ(နိုင်) ၀၆၃၇၇၉

မွေးသက္ကရာဇ်/အသက်

၁-၁၀-၁၉၅၀/ (၆၀) နှစ်

မွေးဖွားရာဇာတိ

သနပ်ပင်မြို့နယ်၊ ပဲခူးတိုင်း

ပညာအရည်အချင်း

B.Sc (Phys:)

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိန်ဗျန်ဟင်း၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကျင်ဟန်၊ ၇/သနပ(နိုင်) ၀၆၃၆၇၉၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းဝင်း၊ ၇/သနပ(နိုင်) ၀၆၃၇၈၀၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဦးအောင်မြတ်သူ၊ ၇/ သနပ(နိုင်) ၀၈၁၆၄၂၊ Aroma ကုန်တိုက်၊ ရန်ကုန်

(၂) ဦးအောင်မြတ်ဖြိုး၊ ၇/ သနပ(နိုင်) ၀၈၁၆၄၃ တပ်မတော် (ဆရာဝန်)

အမြဲတမ်းနေရပ်လိပ်စာ

သနပ်ပင်၊ လမ်းမတော် ဘူတာဝိုင်း

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သနပ်ပင် မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို အ-မ-က တောင်ဘက်ကမ်း၊ အ-ထ-က သနပ်ပင် မြို့နှင့် အ-ထ-က(၃) ပဲခူးမြို့တို့တွင် ပညာသင်ကြားခဲ့သည်။ မော်လမြိုင်ကောလိပ်နှင့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရန်ကုန်မြို့တို့တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး B.Sc (Phys) ရရှိခဲ့သည်။

ကုန်သည်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ အ-ထ-က သနပ်ပင်မြို့တွင် ကျောင်းကောင်စီ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မြို့နယ်အတွင်း ဘာသာရေး၊ လူမှုရေး၊ အားကစား၊ ကျန်းမာရေးတို့တွင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်မှုဖြင့် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့သည်၊ သနပ်ပင်မြို့နယ်၊ ပြည်သူ့အားကစားကွင်းကို မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ဆောက်လုပ်ခဲ့သည်။ မြို့နယ်တွင် တယ်လီဖုန်းအလုံး(၅၀၀) ရရှိရေး ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သည်။မြို့လယ်ခေါင် တံတားကြီးပြိုကျ၍ တိုင်းမှူး၏ လမ်းညွှန်မှုနှင့်အညီ ဦးဆောင်၍ ဆောက်လုပ်ခဲ့သည်။နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ဧရာဝတီတိုင်းသို့ လှူဒါန်းရန် တိုင်းမှူး၏ လမ်းညွှန်မှုဖြင့် ရန်ပုံငွေရှာဖွေရေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။