ဗိုလ်မှူး အောင်ကျော်ဦး (တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး အောင်ကျော်ဦး

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၂၃၂၇၅

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လမန(နိုင်) ၀၃၄၂၆၃

မွေးသက္ကရာဇ်/အသက်

၁၉-၇-၁၉၆၄ / (၄၆) နှစ်

မွေးဖွားရာဇာတိ

လက်ပံတန်းမြို့၊ ပဲခူးတိုင်းဒေသကြီး

ပညာအရည်အချင်း

အင်ဂျင်နီယာ (ချည်မျှင်နှင့် အထည်)

လက်ရှိအလုပ်အကိုင်

ယာယီအုပ်ချုပ်ရေးမှူး၊ ပင်မစစ်လက်နက် ပစ္စည်းတပ် (မန္တလေး)၊ စစ်လက်နက် ပစ္စည်း၊ ညွှန်ကြားရေးမှူးရုံး တွဲဖက်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှချစ် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းကြွေ၊ ၁၂/လမန(နိုင်) ၀၃၄၂၆၄၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိုးစိုးသင်း၊ ၁၂/လမ(နိုင်) ၀၀၀၁၇၉၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မအင်ကြင်းမွှေး၊ ၁၂/လမန(နိုင်) ၁၅၀၈၈၀၊ ကျောင်းသူ

(၂ မောင်ဇေယျာထွဋ်၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၈၆)၊ တတိယထပ်၊ အခန်း (က)၊ ၉ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်၊ အင်းစိန်လမ်းမ၊ ဖုန်း - ၀၉၂၀၂၀၆၈၃၊ ၀၉၄၉၂၀၈၃၁၄၊ ၀၁-၅၁၆၂၈၀

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ-မ-က (၁)၊ အ-လ-က (၁)၊ အ-ထ-က (၁) လက်ပံတန်းမြို့နှင့် အ-ထ-က တနင်္သာရီမြို့ တို့တွင်သင်ကြားခဲ့သည်။ ဟင်္သာတမြို့ ဒေသ ကောလိပ် နှင့် စက်မှု တက္ကသိုလ် ရန်ကုန်မြို့၌ အင်ဂျင်နီယာ (ချည်မျှင်နှင့် အထည်) ဘွဲ့ကို ရရှိခဲ့သည်။

အမှတ် (၁) စစ်လက်နက် ပစ္စည်းတပ်ရင်း၊ မန္တလေးမြို့၌ ဒုဗိုလ်အဖြစ်လည်းကောင်း၊ အထူးအရာရှိ တပ်မတော် အထည်ချုပ်စက်ရုံနှင့် အထူးအရာရှိ တပ်မတော် သားရေစက်ရုံ၌ ဗိုလ် (ဦးစီးအရာရှိ တတိယတန်း ကကနက်) အဖြစ်လည်းကောင်း၊ ပင်မစစ် လက်နက်ပစ္စည်းတပ်၊ မန္တလေးမြို့၌ ဗိုလ်ကြီးအဆင့်ဖြင့် (တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံ မိတ္ထီလာ တွဲဖက်) ၌ အထူးအရာရှိအဖြစ်လည်းကောင်း၊ ပင်မယာဉ် သိုလှောင်ရေးတပ်၊ မန္တလေးမြို့၌ ဗိုလ်မှူးအဖြစ်နှင့် တပ်မတော် ဖိနပ်စက်ရုံ (တွဲဖက်) ၌ စစ်ရုံမှူးအဖြစ်လည်းကောင်း၊ စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ နေပြည်တော်၌ ဗိုလ်မှူး (ဦးစီးအရာရှိ ဒုတိယတန်း) အဆင့်အဖြစ်နှင့် ယာယီအုပ်ချုပ်ရေး ဌာနမှူး၊ ပပန (မန်း) ၌ တာဝန်များ ထမ်းဆောင်ခဲ့သည်။